ဥရောပ လုံခြုံရေးအတွက် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေမှာ ယူရို ဘီလီယံ ၁၅၀ ရင်းနှီးမြှုပ်နှံမယ့် အစီအစဥ်ကို အဖွဲ့ဝင်အားလုံးက သဘောတူ အတည်ပြုလိုက်ကြောင်း ဥရောပကောင်စီက မေလ ၂၇ ရက်မှာ သတင်းထုတ်ပြန်လိုက်တာကို Reuter သတင်းမှာ ဖော်ပြထား ပါတယ်။ ဥရောပကောင်စီက အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် ကာကွယ်ရေး စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင် စားတဲ့ အဖွဲ့ဝင် နိုင်ငံတွေကို စီမံကိန်းတွေအပေါ် မူတည်ပြီး ငွေ ထုတ်ချေးသွားမယ်လို့ ဆိုပါ တယ်။

ဒီအစီအစဉ်ဟာ ဥရောပရဲ့ လုံခြုံရေးကို ဥရောပကပဲ ပိုမိုတာဝန်ယူဖို့နဲ့ ယူကရိန်း ကာကွယ်ရေးအတွက် ပိုမို ခိုင်မာတောင့်တင်းဖို့ ရည်ရွယ်ထားတဲ့ အစီအစဥ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။နောက်ဆုံးပေါ် ကာကွယ်ရေး နည်းပညာတွေနဲ့ ဥရောပအတွက် အလိုအပ်ဆုံး စစ်လက်နက်တွေကို အဓိက ဦးစားပေး ထုတ်လုပ်ဖို့ဖြစ်ပြီး အတည်ပြုလိုက်တဲ့ သဘောတူ ဆုံးဖြတ်ချက်အရ ထုတ်ချေးမယ့် အစီအစဥ်ထဲမှာ ဥရောပအဖွဲ့ဝင် နိုင်ငံတွေသာမက အဖွဲ့ဝင် မဟုတ်တဲ့ နော်ဝေ၊ အိုက်စလန်နဲ့ ယူကရိန်းနိုင်ငံတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။