ကနေဒါအနေနဲ့ လာမယ့်တစ်နှစ်အတွင်းမှာ နေတိုးအဖွဲ့အတွက် ကာကွယ်ရေးအသုံးစရိတ်အနေနဲ့ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကို သုံးစွဲသွားမယ်လို့ ကနေဒါဝန်ကြီးချုပ် မက်ကာနေးက ကြေညာခဲ့ပါတယ်။ မနေ့က ဇွန်လ ၉ ရက်က တိုရွန်တိုတက္ကသိုလ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ရပ်မှာ ကာနေးက အခုလို ပြောကြားခဲ့တာပါ။

ကနေဒါအနေနဲ့ ရန်လိုတဲ့အစိုးရတွေ၊ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆိုက်ဘာရာဇ၀တ်ကောင်တွေရဲ့ ခြိမ်းခြောက်မှုတွေ ကနေ ကာကွယ်ဖို့ လိုအပ်တာကြောင့် ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်သွားမှာဖြစ်တယ်လို့ သူက ပြောပါ တယ်။ မိမိတို့နိုင်ငံဟာ ကာကွယ်ရေးအတွက် အမေရိကန်အပေါ် အလွန်အမင်း အားကိုးနေတယ်လို့လည်း သူက ဝန်ခံခဲ့ပြီး လက်ရှိမှာတော့ အမေရိကန်ကို ဆက်မှီခိုနေလို့ မရတော့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ရုရှားနဲ့ တရုတ် တို့ရဲ့ ခြိမ်းခြောက်မှုတွေ ကြီးမားလာသလို အာတိတ်ဒေသလုံခြုံရေးအတွက်လည်း မိမိတို့နိုင်ငံအနေနဲ့ လုပ်ဆောင် ရမယ်လို့ မက်ကာနေးက ပြောပါတယ်။

ကနေဒါနဲ့ လက်ရှိ ရေငုပ်သင်္ဘောတွေအပါအဝင် စစ်ဘက်ပစ္စည်းတွေဟာ ဟောင်းနွမ်းပြီး အသုံးပြုလို့ မရတာတွေ များနေတဲ့အတွက် စစ်တပ်ရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ ကနေဒါဝန်ကြီးချုပ်က အမြန်ဆောင်ရွက်လာတာပါ။နေတိုးအတွင်းရေးမှူးချုပ်ကတော့ အခုလနှောင်းပိုင်းမှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဂျီဒီပီရဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ထည့်ဝင်ဖို့ ရည်မှန်းချက်အသစ်အနေနဲ့ တိုက်တွန်းသွားဖို့ ရှိနေပါ တယ်။ ကနေဒါဟာ ပြီးခဲ့တဲ့ ၂၀၂၄ တုန်းက ဂျီဒီပီရဲ့ ၁ ဒသမ ၄ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲခဲ့ပါ တယ်။