ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ငွေကြေးတောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်တဲ့ လွတ်လပ်တဲ့ဥရောပအသံ(RFE)ကို ဥရောပသမဂ္ဂ(EU)က ရန်ပုံငွေ ဆက်ထောက်ပံ့ဖို့ သဘောတူလိုက်ပါတယ်။ထရမ့်အစိုးရဟာ လွတ်လပ်တဲ့ဥရောပအသံကို သတင်းဘက်လိုက်တယ်လို့ စွပ်စွဲပြီး ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်း လိုက်တာပါ။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကတော့ EU ဟာ လွတ်လပ်တဲ့ဥရောပအသံကို ရန်ပုံငွေ ၆ ဒသမ ၂ မီလီယံ ဒေါ်လာ ထောက်ပံ့ဖို့ သဘောတူလိုက်ကြပါတယ်။RFE ကို စစ်အေးကာလအတွင်းမှာ စတင်ခဲ့တာဖြစ်ပြီး အရှေ့ဥရောပ၊ အာရှအလယ်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ဘာသာစကားပေါင်း ၂၇ မျိုးနဲ့ ထုတ်လွှင့်နေတာဖြစ်ပါတယ်။ အီးယူနိုင်ငံပေါင်း ၂၇ နိုင်ငံဟာ RFE ရေရှည်ရပ်တည်နိုင်ဖို့အတွက် ရန်ပုံငွေတွေ ပိုပြီးထောက်ပံ့ပေးဖို့ မျှော်လင့်တဲ့ အကြောင်း၊ RFE ဟာ အလွန် တန်ဖိုးရှိတဲ့ မီဒီယာ တစ်ခုဖြစ်ကြောင်း အီးယူနိုင်ငံခြားရေး အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။ လွတ်လပ်တဲ့ဥရောပအသံရဲ့ ရုံးချုပ်က ချက်သမ္မတနိုင်ငံမှာ တည်ရှိတာဖြစ်ပါတယ်။