အမေရိကန်ရဲ့ သတ္တုခွန်စည်းကြပ်မှုအသစ်က ကမ္ဘာ့စီးပွားရေးကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ဥရောပ သမဂ္ဂက ဦးစီးကျင်းပတဲ့ ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲအတွင်း ကနေဒါက လက်တုံ့ပြန်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတထရမ့်က သံမဏိနဲ့အလူမီနီယမ်တင်သွင်းမှုအပေါ် အခွန်ကောက်ခံတာကို နှစ်ဆတိုးခဲ့တာကြောင့် ဥရောပ သမဂ္ဂနိုင်ငံတွေအပြင် အခြားနိုင်ငံအများအပြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။ ဒါ့ကြောင့် အမေရိကန်နဲ့ ညှိနှိုင်းမှု မအောင်မြင်ရင် ထရမ့်ရဲ့ အခွန်ကောက်ခံမှုတွေကို ဖယ်ရှားတိုက်ထုတ်နိုင်ဖို့အတွက် ကနေဒါက အကောင်းဆုံး ပြင်ဆင်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောပါတယ်။

သံမဏိနဲ့ အလူမီနီယံ စည်းကြပ်မှု နှစ်ဆတိုးလာတာက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲကို ပိုမိုပြင်းထန်လာ စေပြီး အမေရိကန်မဟာမိတ်နိုင်ငံတွေအပေါ် စိုးရိမ်စရာဖိအားတွေကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ဩစတြေးလျ ဗဟိုလက်ဝဲအစိုးရကလည်း အခွန်တိုးမြှင့်မှုကို “တရားမျှတမှုမရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်သလို “ဒါတွေက လွတ်လပ်ပြီး တရားမျှတတဲ့ ကုန်သွယ်မှုကို အားကိုးတဲ့ စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မယ့် ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တစ်ခုပါ” လို့ မှတ်ချက်ပေး ပြောကြားထားပါတယ်။