ကိယက်ဗ်အနေနဲ့ နယ်မြေသစ် အများအပြားကို စွန့်လွှတ်ပြီး စစ်တပ် အရွယ်အစား ကန့်သတ်ချက်တွေကို လက်ခံမှသာ စစ်ပွဲ အဆုံးသတ်ဖို့ သဘောတူကြောင်း ရုရှားဘက်က ထုတ်ပြန်ပြောကြားလာပါတယ်။ဇွန်လ ၂ရက်နေ့က ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ရုရှားက အခုလို အတိအလင်း ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြတဲ့ စာချွန်လွှာအရ သိရပါတယ်။

အစ္စတန်ဘူလ်ဆွေးနွေးပွဲအတွင်းတရားဝင်တင်ပြလာတဲ့စည်းကမ်းချက်တွေအရ ယူကရိန်းမှာ သွေးထွက်သံယိုမှုကိုအဆုံးသတ်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုမှုတွေရှိနေပေမယ့် မော်စကိုက ကာလရှည်ကြာ အပေးအယူလုပ်ဖို့ ငြင်းဆိုနေတာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။၂၀၂၂ ခုနှစ် မတ်လကစပြီး ဒါဟာ ဒုတိယအကျော့ ညှိနှိုင်းမှု ဖြစ်ပြီး အသက်အငယ်ဆုံးနဲ့ အဆိုးရွားဆုံး ဒဏ်ရာရသူတွေကို အာရုံစိုက်ပြီး စစ်သုံ့ပန်း ရုပ်အလောင်း ၁၂၀၀၀ ကို အပြန်အလှန် လဲလှယ်ဖို့ သဘောတူခဲ့ကြပါတယ်။တူကီယဲ သမ္မတ က ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ တွေ့ဆုံမှုတစ်ခုဖြစ်ပြီး နောက်ထပ် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ယူကရိန်း သမ္မတ ဇယ်လန်စကီးတို့ကို တူကီယဲမှာ တွေ့ဆုံဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။