လစ်ဘရယ်ပါတီရဲ့ အာဏာဆယ်စုနှစ်ကို သက်တမ်းတိုးဖို့ ဒါမှမဟုတ် ကွန်ဆာဗေးတစ်ပါတီကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ဖို့အတွက် ကနေဒါ နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်တွေက ဧပြီ ၂၈ ရက်က ဆန္ဒမဲပေးမှုစတင်ခဲ့ပါတယ်။ ဧပြီ ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မာ့ခ်ကာနေးက အနိုင်ရရှိခဲ့တယ်လို့ CTV News သတင်းမှာ ရေးသားထားပါတယ်။ မာ့ခ်ကာနေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်စည်းကြပ်မှုနဲ့အခြားသော ခြိမ်းခြောက်မှုတွေရှိနေတဲ့ကြားကပင် ရွေးကောက်ပွဲကို အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးရဲ့ လစ်ဘရယ်တွေက နိုင်ငံ ရွေးကောက်ပွဲအတွင်း အာဏာဆက်လက် ရယူထားနိုင်ပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အခွန်ကောက်ခံဖို့ ညှိနှိုင်းရာမှာတော့ အစိုးရ လက်အောက်မှာ ထားရှိပြီး ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ လူနည်းစု အစိုးရဖွဲ့ဖို့အတွက် (၄၅)ကြိမ်မြောက် ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေက ဆန္ဒမဲအရေအတွက်များစွာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။