ကနေဒါအလယ်ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ တောမီးတွေ ပျံ့နှံ့နေတာကြောင့် ကနေဒါနိုင်ငံရဲ့ အကြီးမားဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ မန်နီတိုဘာပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာထားရကြောင်း အာဏာပိုင်တွေ က ပြောကြားထားတာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။

တောမီးပျံ့နှံ့နေမှုကြောင့် လူပေါင်း ၁၇၀၀၀ နီးပါး ဘေးလွတ်ရာကို အမြန်ပြောင်းရွှေ့ဖို့ လိုအပ်တယ်လို့ မန်နီတိုဘာပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါ့အပြင် ဒီတောမီးဟာ ပြည်နယ်အတွင်းမှာ နေထိုင်သူတွေ အတွက် အကြီးမားဆုံး ရွှေ့ပြောင်းမှုဖြစ်ခဲ့ရပြီး အစိုးရအနေနဲ့ သိသာထင်ရှားတဲ့ အရင်းအမြစ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လိုအပ်ပါလိမ့်မယ်” လို့လည်း ပြောကြားခဲ့ပါတယ်။အယ်လ်ဘာတာပြည်နယ်မှာလည်း တောမီးလောင်ကျွမ်းမှုကြောင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုအချို့ကို ယာယီပိတ်ထားရပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။