အနောက်အာဖရိကရဲ့ ဒေသဆိုင်ရာအစုအဖွဲ့ဟာ ဒေသတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အင်အား ၅,၀၀၀ ရှိ လုံခြုံရေးတပ်ဖွဲ့တစ်ခု ထူထောင်ဖို့ နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ လိုအပ်နေတယ်လို့ သိရပါ တယ်။

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာမှာ ဇွန်လ ၂၇ ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ အနောက် အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း (ECOWAS)ရဲ့ ကာကွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ရွေးချယ် စရာတွေကို စဉ်းစားနေပါတယ်။ နိုင်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘာဒါရူ အဘူဘာကာက ဒေသဆိုင်ရာ တပ်ဖွဲ့အတွက် ရွေးချယ်စရာ နှစ်ခုရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တစ်ခုက နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ အကုန်အကျခံပြီး တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ စုစည်းဖို့နဲ့ နောက်တစ်ခုက ဒေါ်လာ ၄၈၁ သန်း အကုန်အကျခံပြီး တပ်ဖွဲ့ဝင် ၁,၅၀၀ စုစည်းဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ECOWAS ကော်မရှင် ဥက္ကဋ္ဌ အိုမာတော်ရေးကတော့ အဖွဲ့ဝင်အဖြစ် ဆိုင်းငံ့ခံထားရတဲ့နိုင်ငံတွေကို ဒေသဆိုင်ရာ တပ်ဖွဲ့ကနေ ဖယ်ထုတ် မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အနောက်အာဖရိက နိုင်ငံအတော်များများမှာ ပြည်တွင်းမငြိမ်သက်မှုတွေ၊ အာဏာသိမ်းမှုတွေအပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဇန်နဝါရီလမှာ နိုင်ဂျာ၊ ဘာကီနာဖာဆိုနဲ့ မာလီတို့ဟာ အဖွဲ့ဝင် ၁၅ နိုင်ငံပါ ECOWAS က နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ECOWAS- အီကိုဝါ့စ်