ငွေအရှုံးပေါ်တဲ့အတွက် Cruise robotaxi လုပ်ငန်းကို ရပ်တန့်တော့မှာဖြစ်တယ်လို့ General Motors ကုမ္ပဏီက ဒီဇင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။

၂၀၁၆ ခုနှစ်ကတည်းက General Motors ဟာ Cruise လုပ်ငန်း မှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး Cruise ဟာ မောင်းသူမဲ့ နည်းပညာကို အဓိကထားဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒက်ထရွိက်မြို့အခြေစိုက် ကားကုမ္ပဏီက မောင်းသူမဲ့ ကားစျေးကွက်ကို ချဲ့ထွင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုများစွာဆောင်ရွက်ထားတာဖြစ်ပြီး လက်ရှိမှာ ရင်းနှီးမြှုပ်နှံမှုရော ရန်ပုံငွေရရှိမှုပါ နည်းပါးသွားတာကြောင့် အခုလို လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတစ်ယောက်က ပြောကြားထားပါတယ်။