စီးပွားရေးနာလံထူလာတဲ့အချိန်မှာ ခြိုးခြုံဖို့ သမ္မတရှီကျင့်ဖျင် တိုက်တွန်းတာတွေကို ပံ့ပိုးပေးတဲ့အနေနဲ့ ခရီးသွားတာ အစားအသောက်နဲ့ ရုံးနေရာတွေမှာ အကျိုးမရှိဘဲ သုံးစွဲတာကို လျှော့ချဖို့ နိုင်ငံအနှံ့က အစိုးရ အရာရှိတွေကို တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။

တရုတ်အစိုးရနဲ့လက်ရှိအာဏာရတရုတ်ကွန်မြူနစ်ပါတီက ထုတ်ပြန်တဲ့အမိန့်မှာ အရက်၊ဆေးလိပ်တွေနဲ့ ကြိုဆိုဧည့်ခံပွဲမှာ သုံးစွဲတာတွေကိုလည်း လျှော့ချဖို့ နိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ ဆင်ဟွာသတင်းဌာနမှာ ထုတ်ပြန်ထားပါတယ်။ ဒါတွေဟာ အလွန်အကျွံသုံးစွဲဖြုန်းတီးနေတာသာ ဖြစ်တာကြောင့် လျှော့ချကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ လုံ့လဝီရိယအပြည့်နဲ့ကြီးပွားတိုးတက်အောင်ကြိုးစားပြီး အလွန်အကျွံ အကျိုးမဲ့သုံးစွဲတာကို ရှောင်ကြဉ်ဖို့လည်း တရုတ်အစိုးရက တိုက်တွန်းထားပါတယ်။