အမေရိကန်ကို ခရီးသွားမဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင် ဂရုတစိုက် အကဲဖြတ် လေ့လာကြဖို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဧပြီ ၉ ရက်မှာ သတိပေး ချက် ထုတ်ပြန်လိုက်တာကို abc သတင်းမှာ ရေးသားထားပါတယ်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးမှာ ဆက်ဆံရေး ယိုယွင်းလာတာကြောင့် လုံခြုံရေးပြဿနာတွေကို ထည့်သွင်းစဥ်းစားကြဖိုကိုလည်း သတိပေးချက် ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်မှာ ပညာသင်မယ့် ကျောင်းသူကျောင်းသားတွေအနေနဲ့လည်း ဖြစ်ပေါ်လာနိုင်တဲ့ အမေရိကန်ဗီဇာ ပြဿနာတွေကို ကြိုတင်သတိထားကြဖို တရုတ် ပညာရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်ရေး ပဋိပက္ခတွေ ကြီးထွားလာနေချိန်မှာ အမေရိကန်ကို ခရီးသွားတာ ရှောင်ကြဥ်ကြဖိုလည်း တရုတ် အစိုးရအာဏာပိုင်တွေက အကြံပေး တိုက်တွန်းထားပါတယ်။