ဘယ်လာရုစ်သမ္မတက မင့်စ်မြို့မှာ အားကစားကွင်းတစ်ခု တည်ဆောက်ပေးခဲ့တဲ့အတွက် ယုံကြည်ရ တဲ့ မိတ်ဆွေကြီးတရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တရုတ်ပြည်သူတွေကို ဂုဏ်ပြုလိုကြောင်း ပြောဆိုခဲ့တာ ကို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘယ်လာရုစ်သမ္မတ အဲလက်ဇန်းဒြားလူကာရှန်ကိုဟာ တရုတ်ထောက်ပံ့ငွေနဲ့ တည်ဆောက်ခဲ့တဲ့ မင့်စ်မြို့က ဘောလုံးကွင်းသစ်ကြီးမှာ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ရုပ်တု ထည့်သွင်းတည်ဆောက်ဖို့ အဆိုပြုခဲ့တာပါ။ဖီဖာနဲ့ယူအီးအက်ဖ်အေရဲ့ စံနှုန်းတွေနဲ့အညီ တည်ဆောက်ခဲ့တဲ့ အဲဒီအားကစားကွင်းသစ်ကို အိုလံပစ် အဆင့်မီ ရေကူးကန်တစ်ခုနဲ့အတူ ဇွန်လ ၇ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပရောဂျက် နှစ်ခုလုံးကို ဘေဂျင်းရဲ့အလုံးစုံထောက်ပံ့ငွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးကွင်းရဲ့ဝင်ပေါက်မှာ ဘယ်လာရုစ်နဲ့တရုတ်ဘောလုံးသမားတွေရဲ့ ရုပ်တုတွေကို ပြသထား ပေမဲ့ လူကာရှန်ကိုက နောက်ထပ်ရုပ်တုတစ်ခု ထည့်သွင်းဖို့ အဆိုပြုခဲ့တာဖြစ်ပါတယ်။ဒီပရောဂျက်တွေဟာ လူကာရှန်ကိုရဲ့ မကြာသေးမီက သွားရောက်ခဲ့တဲ့ တရုတ်ခရီးစဉ်နောက်ပိုင်း အကောင်အထည် ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၄ ရက်က တွေ့ဆုံစဉ်မှာ တရုတ်သမ္မတက ဘယ်လာရုစ်သမ္မတကို ပြန်လည်ရွေးကောက်ခံရတဲ့အတွက် ဂုဏ်ပြုခဲ့ပြီး သူတို့နှစ်နိုင်ငံဟာ မိတ်ဆွေ စစ်တွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။