ကေတီပယ်ရီဟာ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ ဟန်ကျိုးမြို့အရှေ့ပိုင်းရှိ လူ ၁၈၀၀၀ ဆံ့တဲ့ အားကစားရုံမှာ ဂီတဖျော်ဖြေပွဲ ကျင်းပသွားမှာဖြစ်တယ်လို့ ကျဲ့ကျန်းခရိုင် ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဦးစီး ဌာနက ကြေညာလိုက်ပါတယ်။

အမေရိကန် ပေါ့စတားကေတီပယ်ရီဟာ ၂၀၁၅ ခုနှစ် တရုတ် တိုင်ပေမှာ ဖျော်ဖြေ ခဲ့စဉ်က အငြင်းပွားစရာ နေကြာပန်းဝတ်စုံ ဝတ်ခဲ့ဖူးတာကြောင့် တရုတ်ပြည်ကနေ ဗီဇာအငြင်းပယ်ခံခဲ့ရဖူးပါ တယ်။ ဗီဇာငြင်းပယ်မှုနဲ့ပတ်သက်လို့ တရုတ်ပြည်မဘက်ကနေ အတည်ပြုခဲ့ဖူးတာ မရှိပေမယ့် ၂၀၁၅ တိုင်ပေ ဖျော်ဖြေပွဲက အငြင်းပွားစရာကိစ္စကြောင့် ကေတီပယ်ရီကို တရုတ်ပြည်မမှာ ဖျော်ဖြေခွင့် ပိတ်ခဲ့တယ်လို့ အမေရိကန် သတင်းဝက်ဘ်ဆိုဒ် Page Six မှာ ရေးသားခဲ့ဖူးပါတယ်။

ကေတီပယ်ရီဟာ တိုင်ပေမှာ ကျင်းပခဲ့တဲ့ဖျော်ဖြေပွဲမှာ နေကြာပန်းဝတ်စုံကို ဝတ်ခဲ့တာဖြစ်ပြီး နေကြာပန်းဟာ တရုတ်ပြည်မနဲ့တိုင်ပေကြားက ကုန်သွယ်မှုကို ကန့်ကွက်ခဲ့တဲ့ ကျောင်းသားလှုပ်သားမှုရဲ့ သင်္ကေတဖြစ်နေတာ ကြောင့် အငြင်းပွားစရာ ဖြစ်ခဲ့ရတာပါ။ကေတီပယ်ရီဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း တရုတ်ပြည်မှာ ပထမဆုံးဖျော်ဖြေခဲ့ဖူးပြီး နောက်နှစ်မှာလည်း ရှန်ဟိုင်းမှာနှစ်ပွဲနဲ့ ကွမ်ကျိုးတောင်ပိုင်းမှာတစ်ပွဲ ဖျော်ဖြေပွဲ ၃ ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။