မလေးရှားအစိုးရက လာမယ့်သီတင်းပတ်အတွင်း သုံးရက်တာ အလည်ခရီးလာရောက်မယ့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံသွားမယ်လို ဧပြီ ၉ ရက်က ကြေညာခဲ့တာကို CAN သတင်းက ဖော်ပြ ထားပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ နိုင်ငံတော်အဆင့် အလည်အပတ်ခရီးက ဧပြီ ၁၅ ရက်ကနေ ၁၇ ရက် အထိ ကြာမှာဖြစ်ပါတယ်။ ဒီအလည်အပတ်ခရီးစဉ်ဟာ တရုတ်အပါအဝင် နိုင်ငံပေါင်းစုံနဲ့ ကုန်သွယ်မှုဆက်ဆံရေး ပိုကောင်းလာစေဖို အစိုးရရဲ့ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို မလေးရှားဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်အနေနဲ့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim တာဝန်စယူချိန်ကတည်းက မလေးရှား ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။ ဒေသတွင်း ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ်ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားကိုပါ သွားရောက်လည်ပတ်မယ်လို သိရပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အခွန်ကောက်ခံမှုတွေကြောင့် ကမ္ဘာ့ဈေးကွက်တွေ မတည်မငြိမ်ဖြစ်နေချိန်မှာ တရုတ်က ဒေသတွင်းမှာစီးပွားရေးနဲ့ သံတမန်ဆက်ဆံရေးမှာ ခိုင်မာမှုရရှိစေဖိုအတွက် အခုလို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။တရုတ်က ဝါရှင်တန်ကို တန်ပြန် စည်းကြပ်ခွန်တွေနဲ့ ပြန်လည်တုံပြန်ထားပေမယ့် အရှေ့တောင်အာရှ အစိုးရတွေ ကတော့ ညှိနှိင်းဆွေးနွေးတဲ့လမ်းစဉ်ကို ရွေးချယ်ထားကြပါတယ်။ မလေးရှားဝန်ကြီးချုပ် Anwar ကတော့ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ အတူတကွ ရပ်တည်ကြဖို တိုက်တွန်း ပြောကြားထားပါတယ်။