တရုတ်နိုင်ငံအနောက်ဘက်စွန်း ရှင်ကျန်းဒေသရှိ အပန်းဖြေနေရာတစ်ခုမှာ ကြိုးတံတားတစ်စင်း ပြတ်ကျမှုကြောင့် လူ ၅ ဦး သေဆုံးပြီး အခြား ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ CNA သတင်းမှာ ဖေါ်ပြထားပါတယ်။ဒီမတော်တဆမှုဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး တံတားကြိုး ပြတ်တောက်သွားချိန်က တံတားပေါ်မှာ လူ စုစုပေါင်း ၂၄ ဦးအထိ ရှိနေခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုဖိုင်တစ်ခုမှာ တံတားပြတ်ကျမှုကြောင့် သောင်တင်နေတဲ့ ခရီးသွားဧည့်သည်တွေက တံတားရဲ့ ဆိုင်းငံ့ထားတဲ့ဘက်ခြမ်းမှာ တွယ်ကပ်နေပြီး ဘေးကင်းရာကို ဖြတ်ကူးဖို့ ကြိုးပမ်းနေတာကိုတွေ့ရပါတယ်။ပြည်တွင်းသတင်းဌာန Jiemian News ရဲ့ ဖော်ပြချက်အရ တံတားနာမည်ဟာ ကျန်ကျန် တံတားလို့ သိရပြီး အဲဒီတံတားဟာ ၂၀၂၄ ခုနှစ်ကလည်း ဆိုင်းထိန်းကေဘယ်ကြိုး ပြုတ်ကျလို့ တံတားကြမ်းခင်း တိမ်းစောင်းသွားခဲ့တဲ့ အလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းကတော့ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘူးလို့ သိရပါ တယ်။အခုဖြစ်စဉ် လုံခြုံရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် အပန်းဖြေဧရိယာ ကို ယာယီပိတ်ထားကာ ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။