တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အမေရိကန်အကောက်ခွန်ဆိုင်ရာ စည်းကြပ်မှုအစီအမံတွေကို တန်ပြန်ဖို့ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကို တိုက်တွန်းခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်၊ တရုတ်နိုင်ငံဟာ အမေရိကန်စည်းကြပ်ခွန်တွေကို ပြန်လည်တုံ့ပြန်ဖို့အတွက် ပံ့ပိုးကူညီပေးမှာဖြစ်သလို နိုင်ငံစုံ ကုန်သွယ်မှုစနစ်တွေကို ကာကွယ်ဖို့အတွက် ဗြိတိန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။

တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲအရှိန်ဟာ တဖြည်းဖြည်း မြင့်တက်နေသလို နှစ်နိုင်ငံကုန်သွယ်မှုကို သိသိသာသာ အနှောင့်အယှက်ဖြစ်စေတဲ့ tit-for-tat စည်းကြပ်ခွန်တွေကြောင့် ပိုမိုနက်ရှိုင်းလာတာလည်း ဖြစ်ပါ တယ်။အမေရိကန်ဟာ WTO စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး တခြားသူတွေရဲ့ တရားဝင် အခွင့် အရေးနဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။ ဒါ့အပြင် နိုင်ငံတွေကို ခွဲခြားဆက်ဆံမှုမရှိတဲ့ အခွန်ကောက်ခံမှုတွေလုပ်ဖို့လိုအပ်ပြီး တစ်ဖက်သတ်အနိုင်ကျင့်မှု တွေ ကြုံလာရတဲ့အခါ နိုင်ငံတကာစည်းမျဥ်းကို ထိန်းသိမ်းဖို့ တရုတ်နဲ့ ဗြိတိန်တို့မှာ တာဝန်ရှိတယ်လို့လည်း ဝမ်ယိ က ပြောပါတယ်။