မြန်မာမီဒီယာကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံက မြို့ကြီး ၃ မြို့ကို လေ့လာခရီးစဉ်အဖြစ် စက်တင်ဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ သွားရောက်လေ့လာခဲ့ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံသတင်းမီဒီယာဖလှယ်ရေးနဲ့ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးရဲ့ဖိတ်ကြားမှုနဲ့ တရုတ်နိုင်ငံကကွမ်ကျိုး၊ ရှန်းကျန့်နဲ့ ချုံချင့်မြို့တွေက အထင်ကရနေရာတွေကို သွားရောက်လေ့လာခဲ့တာပါ။
လေ့လာရေးခရီးစဉ်မှာတော့ ကွမ်ကျိုးနေ့စဉ်သတင်းစာ၊ High City တည်ဆောက်မှုစီမံကိန်း၊ Laihua Technology Company (AI Company)၊ Lianhuashan ပန်းခြံ ၊ BYD လျှပ်စစ်ကားကုမ္ပဏီ၊ Shenzhen-Zhongshan link တံတား၊ Shenzhen ပြတိုက်၊ Chongqing Three Gorges ပြတိုက်၊ Chongqing Fuling Zhacai Group ၊ Relocation Villages ၊ Baiheliang Underwater ပြတိုက်၊ Chongqing International Logistics HUB Park ၊ Chongqing Foreign Affairs Office ၊ Stilwell Museum ၊ Chongqing Radio & TV Group နဲ့ Hongyadong စတဲ့ နေရာတွေကို သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။

မြန်မာမီဒီယာ ကိုယ်စားလှယ်အဖွဲ့မှာတော့ SkyNet ၊ MRTV ၊ MOI ၊ စံတော်ချိန်၊ မြန်မာ့အလင်းသတင်းစာ၊ Yangon Media Group၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၊ ပြည်မြန်မာဂျာနယ်၊ The Northern Light Journal၊ Vidya စတဲ့ သတင်းဌာနတွေက သတင်းမီဒီယာကိုယ်စားလှယ်တွေ ပါဝင်တာဖြစ်ပါတယ်။