Bitcoin ဈေးနှုန်းဟာ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ပြီး ဒီဇင်ဘာလ ၉ ရက်မှာ အမေရိကန်ဒေါ်လာ ၉၅၅၁၉ ဒေါ်လာ နီးပါးအထိ ကျဆင်းခဲ့ပါတယ်။

ဒီဇင်ဘာလ ၅ ရက်က Bitcoin ဈေးနှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ အထိ မြင့်တက်ခဲ့တာဖြစ်ပြီး ၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတာဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံ သမ္မတ Donald Trump အနိုင်ရရှိပြီးနောက်ပိုင်းမှာ cryptocurrencies ဈေးကွက်ကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်မယ်ဆိုတာကြောင့် အခုလို Bitcoin ဈေးနှုန်းတွေ အားကောင်းလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် Bitcoin နဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု ဂေဟစနစ် တစ်ခုလုံးကို တိုးတက် ကောင်းမွန်တဲ့ ဘဏ္ဍာရေး ပင်မရေစီးကြောင်းအဖြစ် ပြောင်းလဲဖို့ နီးကပ်နေပြီဖြစ်တယ်လို့လည်း အမေရိကန် crypto ကုမ္ပဏီ Galaxy Digital အမှုဆောင်အရာရှိချုပ်က ပြောကြားထားပါတယ်။