သြစတြေးလျရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုတွေကို ဧပြီ ၂၂ ရက်မှာ စတင်ခဲ့ပြီး လက်ရှိ ဝန်ကြီးချုပ် အယ်ဘာနိစ်ရဲ့အလုပ်သမားပါတီက ပြိုင်ဘက်ညွန့်ပေါင်းပါတီကို မဲအရေအတွက် အနည်းငယ် အသာစီးရနေ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ကြိုတင်မဲပေးတာနဲ့စာတိုက်မဲပေးတာတွေ တဖြည်းဖြည်း တိုးလာတာက မေလ ၃ ရက် ရွေးကောက်ပွဲနေ့မတိုင်ခင် မဲပေးခွင့်ရှိသူ သြစတြေးလျနိုင်ငံသား တစ်ဝက် လောက်ဟာ သူတို့ရဲ့ဆန္ဒမဲတွေကို ပေးပို့ပြီးဖြစ်လာလိမ့်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား ပါတယ်။

ညွန့်ပေါင်းပါတီခေါင်းဆောင် မစ္စတာဒက်တန်ဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေက ဝန်ထမ်းသောင်းနဲ့ချီကို အလုပ်ဖြုတ်ပြီး အစိုးရအလုပ်သမားတွေ အချိန်ပြည့် ရုံးပြန်တက်ဖို့ လိုအပ်မယ့် မူဝါဒကို မဖြစ်မနေ စွန့်လွှတ် ခဲ့ရသလို သူ့အဆိုပြုချက်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အီလွန်မက်စ်တို့ဆီက စိတ်ကူးရထားသလို အထင်ခံခဲ့ရတာ ဖြစ်ပါတယ်။ဝန်ကြီးချုပ်အယ်ဘာနိစ်က ဇန်နဝါရီလ မဲရလဒ်တွေမှာ မစ္စတာဒက်တန်ရဲ့ညွန့်ပေါင်းပါတီအောက် ၆ မှတ် လျော့ခဲ့ရာကနေ ဧပြီလမှာ ၉ မှတ်အထိ အသာစီးရတဲ့အနေအထားကို ပြန်ရောက်လာတာဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဘက်က အားရကျေနပ်မှု မရသေးပါဘူး ဒီရွေးကောက်ပွဲမှာ ဘယ်သူမဆို အနိုင်ရသွားနိုင် တယ်လို့ ဝန်ကြီးချုပ်အယ်ဘာနိစ်က ဧပြီလ ၂၁ ရက်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သြစတြေးလျနိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးရတဲ့ ဒီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးပွဲတွေကို ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကွယ်လွန်မှုကြောင့် ဧပြီ ၂၂ ရက်ကို ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။