သြစတြီးယားနိုင်ငံ Graz မြို့က စာသင်ကျောင်းတစ်ကျောင်းမှာ ဇွန်လ ၁၀ ရက်က ကျောင်းသူဟောင်း တစ်ယောက်ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုဟာ သြစတြီးယားနိုင်ငံသမိုင်းမှာ လူအသေအပျောက် အများဆုံး အကြမ်းဖက် လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ မြို့ခံတွေက မှတ်ချက်ပြု ပြောကြားထားပါတယ်။

ကျောင်းသူဟောင်းတစ်ဟောင်းဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် သေနတ်သမားက ပစ်ခတ်မှုအပြီး ကျောင်းရေချိုး ခန်းထဲမှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ မြို့ရဲ့အနောက် မြောက်ဘက်မှာရှိတဲ့ ဒရေယာ အလယ်တန်းကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။တိုက်ခိုက်မှုအတွင်း လူ ၁၀ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၁၂ ယောက်လည်း ဒဏ်ရာရခဲ့ကာ အချို့က ဒဏ်ရာ ပြင်းထန်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အဲဒီစာသင်ကျောင်းကို အသိပေးချက် ထပ်မံ မထုတ်ပြန်မီအထိ ဆက်လက်ပိတ်ထားမှာဖြစ်တယ်လို့ သြစတြီးယားပညာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။