နိုင်ငံရေးပြဿနာ ကြုံပြီးနောက် ဇွန် ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အချေအတင် ဆွေးနွေးနေတဲ့ ကိစ္စတစ်ခုအဖြစ် သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ပုံသွင်းရေး ဖွဲ့စည်းပုံနဲ့အညီ ပြင်ဆင်သွားဖို့ တောင်ကိုရီးယားပါတီနှစ်ရပ်လုံးက တောင်းဆိုထားတာကို CNA သတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတဟောင်း ယွန်းဆွတ်ယိုလ်ရဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက စစ်အုပ်ချုပ်ရေးဥပဒေတစ်ရပ် ကြေညာမှုနဲ့ပတ်သက်လို့ သူ့ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ရွေးကောက်ပွဲ ခေါ်ယူခဲ့တာ ဖြစ်ပါ တယ်။အဓိကပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းသွား မယ်လို့ ကြွေးကြော်ထားကြပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်နိုင်ခြေဟာ အရင်ကထက် ပိုမြင့်မားနေတယ်လို့ ခွန်ဟီးတက္ကသိုလ် ပြည်သူ့အုပ်ချုပ်ရေး အင်စတီကျု ပါမောက္ခ ချေဂျင်းဝမ်က ပြောပါတယ်။

တိုက်ရိုက် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့နဲ့ တစ်ကြိမ်တည်း ၅ နှစ်သက်တမ်း ထမ်းဆောင်ရေး ဖွဲ့စည်းပုံ ကို ၁၉၈၇ ခုနှစ်က နောက်ဆုံးအကြိမ် ပြင်ဆင်ခဲ့တာပါ။ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကနေ ရွေးကောက်ပွဲမှာ တစ်ပြေးနေသူ လီဂျေးမြောင်ကတော့ ၂၀၃၀ ပြည့်နှစ်မှာ စတင်တာဝန်ယူတဲ့ သမ္မတ တွေအတွက် ၄ နှစ် သက်တမ်းနဲ့ နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ဖို့၊ သမ္မတ ရွေးကောက်ပွဲတွေ အတွက် နှစ်ကျော့ ကျင်းပတဲ့စနစ် ကျင့်သုံးဖို့နဲ့ ဝန်ကြီးချုပ်ကို လွှတ်တော်က အမည်စာရင်း တင်သွင်းဖို့ အဆိုပြုထားပါတယ်။