ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး To Lam ရဲ့တရားဝင်ရုရှားခရီးစဉ်က ရလဒ်တွေကို အခြေခံပြီး ပြီးပြည့်စုံတဲ့ ဗျုဟာမြောက်မိတ်ဖက်ထူထောင်ရေးနဲ့ပတ်သက်လို့ အဓိကအချက်တွေပါဝင်တဲ့ ဖော်ပြချက် အကျဉ်းကို အဲဒီနှစ်နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။

ကဏ္ဍအသီးသီးမှာ အောင်မြင်ခဲ့တဲ့ ဗီယက်နမ်နဲ့ရုရှားရဲ့ (၇၅)နှစ်ကြာ သံတမန် ဆက်ဆံရေးကို အဲဒီပူးတွဲကြေညာချက်မှာ အသိအမှတ်ပြုထားပါတယ်။ရုရှားနဲ့ဗီယက်နမ်ရဲ့ဗျုဟာမြောက်မိတ်ဖက်ကို အရည်အသွေးအ ရအဆင့်မြှင့်ဖို့နဲ့ နှစ်နိုင်ငံအကြား အစဉ်အလာ မိတ်ဖက် ကို ခိုင်မာတည်တံ့အောင်လုပ်ပြီး လက်လှမ်းမီတဲ့ အခွင့်အရေးတွေနဲ့ အားသာချက်တွေကို အပြည့်အ ဝစူးစမ်းမယ်ဆိုတဲ့ သူတို့ရဲ့စိတ်ပိုင်းဖြတ်ထားမှုကို နှစ်နိုင်ငံလုံးက ဖော်ပြခဲ့ကြပါတယ်။

စီးပွားရေး၊ ကုန်သွယ်ရေး၊ သိပ္ပံနဲ့နည်းပညာမိတ်ဖက်၊ ကာကွယ်ရေးဗျုဟာ ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ နှစ်နိုင်ငံ အစိုးရ ကော်မတီရဲ့ ရှိရင်းစွဲမိတ်ဖက်ရဲ့ထိရောက်မှုကို တိုးတက်အောင် အာရုံစိုက်ပြီး ပုံမှန်နဲ့အဆင့်မြင့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေကို ခိုင်မာအောင် ဆက်လုပ်ဖို့လိုတဲ့ အချက်ကိုလည်း နှစ်နိုင်ငံလုံးက အလေးပေးပြောကြားခဲ့ကြပါတယ်။