မြောက်ကိုရီးယားက ယူကရိန်းလက်အောက်ရောက်နေတဲ့ ရုရှားဒေသတွေကို ပြန်လည်ရယူဖို့ အကူအညီအနေနဲ့ ရုရှားကို ပို့ထားတဲ့စစ်သည်တွေဟာ သူရဲကောင်းတွေဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်းက ချီးကျူးလိုက်ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။ကင်ဂျုံးအန်းက စစ်သည်တွေပို့ထားတာကို အတည်ပြုခဲ့ပြီး အဲဒီ ဆုံးဖြတ်ချက်ဟာ မနှစ်က ရုရှားသမ္မတပူတင်နဲ့ ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်နဲ့အညီ ဖြစ်တယ်လို့ မြောက်ပိုင်း အလုပ်သမားပါတီရဲ့ဗဟိုစစ်ကော်မရှင်ကလည်း ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြောက်ကိုရီးယားစစ်သည်တွေ ရုရှားကို ပေးပို့မှုနဲ့ ရုရှားရဲ့ ထောက်ပံ့ မှု မှန်သမျှကို ရပ်ဆိုင်းရမယ်လို့ တောင်းဆိုခဲ့ပြီး ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။ မြောက်ကိုရီးယားအနေနဲ့ စစ်သည်တွေပို့လွှတ်တာကို အတည်ပြု လိုက်တာဟာ ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်ဖြစ်ပြီး လူငယ်လူရွယ်တွေကို တိုက်ပွဲအတွင်းပို့ ဖို့ဆုံးဖြတ်လိုက်တာ ဟာ လူမဆန်ကြောင်း တောင်ကိုရီးယားက ပြစ်တင်ဝေဖန်ရှုတ်ချထားပါတယ်။