မြောက်ကိုရီးယားဟာ ရုရှားနဲ့အတူ အမြဲရပ်တည်နေမှာမှာဖြစ်ကြောင်း ကင်ဂျုံအွန်းက ရုရှားနိုင်ငံ လွတ်လပ်ရေး နေ့အတွက် ဂုဏ်ပြုမိန့်ခွန်းထဲမှာ ကတိပြုပြောကြားခဲ့တာကို CNN သတင်းမှာ ဖော်ပြ ပါတယ်။

ကင်ဂျုံအွန်းက နှစ်နိုင်ငံဆက်ဆံရေးကို “ရဲဘော်ရဲဘက်တွေအကြား စစ်မှန်တဲ့ဆက်ဆံရေးအဖြစ် ချီးကျူးခဲ့တာ ကို” မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းမှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်က ရုရှား နိုင်ငံ လွတ်လပ်ရေးနေ့အတွက် ရုရှားသမ္မတဆီကို စာပေးပို့ပြီး “ အချစ်ဆုံးရဲဘော်” လို့ ခေါ်ဆိုကာ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထပ်လောင်းကတိပြုခဲ့တာပါ။

ဒါဟာ မြောက်ကိုရီးယားအစိုးရရဲ့ မပြောင်းလဲတဲ့ ဆန္ဒတစ်ခုအဖြစ် မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဖို့က ကျွန်တော့်ရဲ့ကိုယ်ပိုင်ဆန္ဒဖြစ်ပါတယ်” လို့လည်း ကင်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။ ပြုံးယမ်းက ရုရှားအတွက် တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားကြောင်းကိုလည်း အခုနှစ် အစောပိုင်းက အတည်ပြု ပြောကြားခဲ့ဖူးပါတယ်။