မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက မြောက်ကိုရီးယားဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က အပြည့်အဝထောက်ခံကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရုရှားလုံခြုံရေးကောင်စီဝန်ကြီးချုပ်နဲ့ ဇွန်လ ၄ ရက်က ပြုံယမ်းမှာ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှာ ကင်ဂျုံအန်း က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ရုရှားနိုင်ငံရဲ့ နိုင်ငံတကာနဲ့ပတ်သတ်တဲ့ အရေးကိစ္စတွေမှာလည်း ရုရှားဘက်မှာ အမြဲရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာ ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းအမြောက်အမြား ပံ့ပိုးကူညီနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ တုန်းက ယူကရိန်းရဲ့ ကာ့စ်ဒေသကို ကျူးကျော်မှုအပေါ် မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ ကူညီပေးမှုနဲ့ စွန့်လွှတ် အနစ်နာခံပေးမှုတွေအတွက် အထူး ကျေးဇူးတင်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားသွား ပါတယ်။

မြောက်ကိုရီးယား-ရုရှား နှစ်နိုင်ငံရဲ့ ဒီလိုဆက်ဆံရေး အခြေအနေတွေကြောင့် တောင်ကိုရီးယား၊ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ရုရှားဟာ မြောက်ကိုရီးယားရဲ့ စီးပွားရေးနဲ့စစ်ရေးတွေမှာ အကူအညီပြန်ပေးနေတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားက သူ့ရဲ့ပြိုင်ဘက်နိုင်ငံတွေအပေါ် နျူကလီးယား အသုံးပြု မှုအတွက် ရုရှားက ခေတ်မီနည်းပညာတွေနဲ့ ပံ့ပိုးကူညီမှာကိုလည်း စိုးရိမ်နေကြပါတယ်။