ယူကရိန်း-ရုရှား စစ်ပွဲမှာ ရုရှားအတွက် တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက အတည်ပြုပြောကြားလာတာကို CNA သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားအတွက် တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတဲ့အပြင် ယူကရိန်း သိမ်းပိုက်ထားတဲ့ ရုရှားပိုင်နက် လွတ် မြောက်ရေးအတွက် အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဧပြီ ၂၈ ရက် တနင်္လာ နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနဲ့ ရုရှားကြား ခိုင်မာတဲ့ စစ်သွေးကြွချစ်ကြည်ရေး မဟာ ဗျူဟာအဆင့်ကို ပြသခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA အစိုးရ သတင်းဌာနက ထုတ်ပြန် ထားပါတယ်။ပြီးခဲ့တဲ့နှစ်က ရုရှားသမ္မတပူတင်နဲ့ ချုပ်ဆိုခဲ့တဲ့ ပြီးပြည့်စုံတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တပ်ဖွဲ့ဝင်တွေချထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီး ယား အာဏာရ အလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားက ရုရှားဖက်ဒရေးရှင်းလို အင်အားကြီးနိုင်ငံတစ်ခုနဲ့ မဟာမိတ်ဖွဲ့ရတဲ့အတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိတယ်လို့ ပြောကြားခဲ့သလို တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေ အားလုံးဟာ အမိမြေရဲ့ ဂုဏ်ထူးဆောင် သူရဲကောင်းတွေပါပဲလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ထပ်လောင်း ပြောကြားထားပါတယ်။