မြောက်ကိုရီးယားဟာ ထိခိုက်သွားတဲ့ဒုတိယမြောက်ဖျက်သင်္ဘောကို ပြန်လည်ပြင်ဆင်ပြီး ရေချနိုင်ပြီဆိုတဲ့အကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့သုံးပတ်လောက်က ကျင်းပတဲ့ ဒုတိယမြောက်ဖျက်သင်္ဘောကို ရေချတဲ့အခမ်းအနားမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင်တက်ရောက်ခဲ့ပြီး အဲဒိအခမ်းအနားမှာ ဖျက်သင်္ဘောတိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ဖျက်သင်္ဘောနစ်မြုပ်သွားခဲ့တဲ့အတွက် သင်္ဘောထဲကအီလက်ထရွန်းနစ်နဲ့ တခြားပစ္စည်းတွေ ပုံမှန်အတိုင်းလည်ပတ်နိုင်ပြီဆိုတာကို လေ့လာသူတွေက သံသယဝင်နေကြတာဖြစ်ပါတယ်။မေလ ၂၁ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရေချတဲ့အခမ်းအနားအဆင်မပြေဖြစ်တဲ့အပေါ် ကင်ဂျုံအွန်းကဒါဟာပြစ်မှုမြောက်တဲ့ပေါ့ဆမှုလို ဆိုကာ ဇွန်လနှောင်းပိုင်းမှာကျင်းပမယ့် အာဏာရအလုပ်သမားပါတီအစည်းအဝေးမတိုင်မီ ပြင်ဆင်ဖို အမိန့်ပေးခဲ့တယ်လို သိရပါတယ်။

အလုပ်သမားပါတီ လက်နက်ခဲယမ်းဌာနက ဒုတိယညွှန်ကြားရေးမှူး အပါအဝင် အရာရှိလေးဦးကို ပျက်ကွက်မှုအတွက် ဖမ်းဆီးခဲ့တယ်လိုလည်း သိရပါတယ်။ကင်ဂျုံအွန်းဟာ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကို တုံပြန်ဖိုကြိုးစားနေတာဖြစ်ပြီး ထိခိုက်သွားတဲ့ဖျက်သင်္ဘောဟာ နိုင်ငံရဲ့ပထမဆုံးဖျက်သင်္ဘောနဲ့ အမျိုးအစားချင်းတူညီပြီး နောက်နှစ်မှာ တန် ၅၀၀၀ အမျိုးအစားရှိတဲ့ ဖျက်သင်္ဘောနောက်ထပ်နှစ်စီးကိုထပ်မံ ဆောက်လုပ်သွားမှာဖြစ်တယ်လို အာဏာရအလုပ်သမားပါတီက အတည်ပြုပြောကြားသွားပါတယ်။