မြောက်ကိုရီးယားမှာ ဇွန်လ ၇ ရက် မနက်အစောပိုင်းက အင်တာနက် အကြီးအကျယ် ပြတ်တောက်မှု ကြုံနေရကြောင်း မြောက်ကိုရီးယားအင်တာနက်ကို စောင့်ကြည့်လေ့လာနေတဲ့ ဗြိတိန်အခြေစိုက် သုတေသီတစ်ဦးက ပြောကြားခဲ့တာကို Reuters သတင်းမှာပါရှိပါတယ်။အင်တာနက်ပြတ်တောက်ရတဲ့အဓိကအကြောင်းရင်းမှာ ဆိုက်ဘာတိုက်ခိုက်မှုမဟုတ်ဘဲ အတွင်းပိုင်းကဖြစ်နိုင်တယ်လို ဗြိတိန်အခြေစိုက် သုတေသီ Junade Ali ကပြောပါတယ်။

ဒါက ရည်ရွယ်ချက်ရှိတာလား၊ မတော်တဆလားဆိုတာ ပြောဖိုခက်ပေမယ့် တိုက်ခိုက်မှုထက် အတွင်းပိုင်းလို ထင်ရပါတယ်” လို သူကဆိုပါတယ်။အင်တာနက်ပြတ်တောက်မှုကြောင့် မြောက်ကိုရီးယားရှိ အဓိက သတင်းဝဘ်ဆိုဒ်တွေနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အင်တာနက် ဆိုဒ်တွေ ဝင်ရောက်ကြည့်ရှုခွင့် မရခဲ့ကြောင်း Reuters စစ်ဆေးမှုတွေ အရ သိရပါတယ်။မြောက်ကိုရီးယားရဲ့အင်တာနက် ကြီးကြီးမားမား ပြတ်တောက်မှုဟာ တရုတ် ဒါမှမဟုတ် ရုရှားကနေတစ်ဆင့် ဝင်ရောက်တဲ့ လမ်းကြောင်းအားလုံးကို ထိခိုက်နေတယ်လိုဆိုပါတယ်။