မြောက်ကိုရီးယားမြိုတော် ပြုံယမ်းမှာ နေအိမ်ခန်း ၁၀၀၀၀ ပါဝင်တဲ့ လူနေရပ်ကွက်တစ်ခုကို ဖွင့်လှစ်ပြသလိုက်ပါတယ်။အဲ့ဒီစီမံကိန်းကိုမြောက်ကိုရီယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအန်း စနေနေ့ကသွားရောက်စစ်ဆေးခဲ့တယ်လို နိုင်ငံပိုင်မီဒီယာ KCNA ကထုတ်ပြန်ပါတယ်။

စီမံကိန်းဟာ မြိုတော်ရှိ အဓိက ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်၊တောင်ကိုရီးယားမြိုပြအင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးနည်းပညာတက္ကသိုလ်မှ သုတေသီတွေရဲ့ ၂၀၂၁ လေ့လာမှုတစ်ခုက နိုင်ငံရဲ့အိမ်ထောင်စုတွေအနက် ၇၀% မှ ၈၀% ဟာ နေထိုင်ဖိုနေအိမ် အလုံအလောက်ရှိတယ်လို ဆိုပါတယ်။အခုဖွင့်လှစ်လိုက်တဲ့ရပ်ကွက်အသစ်မှာ မိုးပျံတံတားကြီးနှစ်ခုကို ချိတ်ဆက်ထားတဲ့ အထပ်မြင့်မျှော်စင်အများအပြားပါရှိတဲ့ အပြင် ပညာရေး၊ စီးပွားရေးနဲ့ ဝန်ဆောင်မှုဆိုင်ရာ အဆောက်အအုံတွေလည်း ပါဝင်တယ်လို နိုင်ငံပိုင်မီဒီယာက ဖေါ်ပြပါတယ်။
နိုင်ငံမှာ မကြာခဏ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး အထပ်မြင့်အိမ်ရာတွေက ဓာတ်လှေတွေ အလုပ်မလုပ်တာကြောင့် အပေါ်ထပ်မှာ နေထိုင်သူတွေဟာ နေ့စဉ်အခက်ကြုံနေရပါတယ်။