ဗီယက်နမ်တောင်ပိုင်း လွတ်မြောက်ရေး အထိမ်းအမှတ်အဖြစ် အနှစ်(၅၀)ပြည့်ပွဲမှာ ဒရုန်းပေါင်း ၁၀၅၁၈ စင်း အသုံးပြုပြီး ဒရုန်း အလင်းရောင်ပြပွဲ ကျင်းပခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒရုန်းအလင်းရောင်ပြပွဲ တစ်ခုအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပြီး စံချိန်တင် ချိုးဖျက်နိုင်ခဲ့ကြောင်း Tech Radar သတင်းမှာ ရေးသား ထားပါတယ်။

ဒီဒရုန်းပြပွဲဟာ ဗီယက်နမ်သမိုင်းမှာ သမိုင်းဝင်အခိုက်အတန့် အထိမ်းအမှတ်တစ်ခု ဖြစ်လာပြီး ကောင်းကင်ယံမှာ ဒရုန်း ၁၀,၅၁၈ စင်း ပျံသန်းခဲ့တာက မြင်ရကြည့်ရသူတွေအဖို့ မမေ့နိုင်တဲ့ အမှတ်တရတစ်ခုဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။အဲဒီပြပွဲက ဒရုန်းအရေအတွက် အလွန်များပြားတဲ့ ပြပွဲတစ်ခုဖြစ်သလို အကြီးဆုံး ဒရုန်းအလင်းပြမှုအဖြစ် ကမ္ဘာ့ စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။

အကြီးဆုံးဒရုန်းအလင်းပြပွဲကြီးကနေ ထူးထူးခြားခြား ပျော်ရွှင်မှုတွေ ပေးစွမ်း နိုင်ပြီး တက်ကြွစုံလင်လှတဲ့ အရောင်အသွေးတွေနဲ့ဒရုန်းတွေက ဗီယက်နမ်သမိုင်းကို ရင်သပ်ရှုမောဖွယ် ပုံစံမျိုးစုံနဲ့ ဂုဏ်ပြုမှတ်တမ်းတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဒရုန်းတွေကို အသုံးပြုပြီး နိုင်ငံတော် အထိမ်းအမှတ်၊ သမိုင်းဝင် မြင်ကွင်းတွေနဲ့ မြို့တော်အလှ ကောင်းကင်ယံ တွေကို ဖန်တီးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အထူးခြားဆုံး ဒရုန်းစွမ်းဆောင်ရည်ကြောင့် ဗီယက်နမ်နိုင်ငံသမိုင်းကို ထာဝရ အမှတ်ရနေမှာဖြစ်တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။