ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ကန်လအွန် မီးတောင်ဟာ မေလ ၂၈ ရက်က ပေါက်ကွဲခဲ့ရာ ပြာမှုန့်တွေ မှုတ်ထုတ် ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကန်လအွန် မီးတောင်ပေါက်ကွဲပြီး ပြာမှုန့်တွေ မှုတ်ထုတ်ခဲ့တာ ကြောင့် သတိပေးချက် အဆင့်ကို တိုးမြှင့်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မေလ ၂၈ ရက်က ကန်လအွန်မီးတောင်မှာ လှုပ်ခတ်မှု အနည်းဆုံး ၃၁ ကြိမ်ရှိပြီး မီးတောင်ကနေ မှုတ်ထုတ်တဲ့ ပြာတွေဟာ အမြင့် မီတာ ၇၀၀ (၂,၂၉၆ ပေ) အထိ တက်လာတယ်လို့ ဒေသတွင်း မီဒီယာ Inquirer က သတင်းထုတ်ပြန်ထားပါတယ်။ အာဏာပိုင်တွေက သတိပေးချက်အဆင့်ကို မြှင့်တင်ခဲ့ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ထပ်မံ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ဒေသခံတွေကို သတိပေးထားပါတယ်။ ကန်လအွန်မီးတောင်ကနေ ၆ ကီလိုမီတာအတွင်း နေထိုင်သူတွေကိုလည်း တောင်ထိပ်ဧရိယာကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းပြီး အဲဒီဧရိယာအနီးမှာ လေယာဉ်တွေ ပျံသန်းခွင့် တားမြစ်ထားတယ်လို့ သိရပါတယ်။