ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ်ဂျူနီယာက သူ့ရဲ့သြဇာအာဏာကို လျော့စေတယ်လို သုံးသပ်ခံရတဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေအပြီး တစ်ပတ်ကျော်မှာ သူ့ရဲ့ အစိုးရအဖွဲတစ်ရပ်လုံးကို ရာထူးကနှုတ်ထွက်ခိုင်းခဲ့တယ်လို The Straits Times သတင်းမှာဖော်ပြထားပါတယ်။ဒါဟာ အုပ်ချုပ်နေတဲ့ မဟာမိတ်အဖွဲတွေကြား မညီညွတ်မှုကို ပြနေပြီး ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမယ့် သူ့နောက်ဆုံးသက်တမ်းသုံးနှစ်မှာ သူ့ရဲ့ သြဇာအာဏာလျော့လာတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။

ဒီအခြေအနေကြောင့် အစိုးရဌာနတွေရဲ့လုပ်ငန်းစဉ်တွေ ရပ်သွားမှာမဟုတ်ဘူးလို သမ္မတအိမ်တော်က အာမခံခဲ့ပါတယ်။ ပြန်လည်ခန့်အပ်မှုတွေ အစားထိုးခန့်အပ်မှုတွေ မလုပ်မချင်း နောက်ထပ် အမြင့်ဆုံးရာထူးရှိတဲ့ အရာရှိတွေက တာဝန်ယူပေးသွားမှာဖြစ်ပါတယ်။အစိုးရအဖွဲဝင်တွေ ပြန်ဖွဲစည်းတဲ့နေရာမှာ အရည်အချင်းနဲ့ အရေးပေါ်လိုအပ်ချက်ကို ဦးစားပေးသွားမယ်လိုလည်း မားကိုစ်က ဆိုပါတယ်။ မေလ ၂၂ မှာ အစိုးရအရာရှိ တော်တော်များများက သမ္မတရဲ့အမိန့်အတိုင်း နှုတ်ထွက်စာတွေ တင်သွင်းကြပါတယ်။ ဖိလစ်ပိုင်သမ္မတတွေဟာ အရင်က အစိုးရအဖွဲတွေကို နှုတ်ထွက်ခိုင်းကြဖူးပေမယ့် နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပြီးတဲ့နောက်မှာ တောင်းဆိုကြတာများပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေဟာ အစိုးရရဲ့လုပ်ဆောင်မှုအပေါ် ဖိလစ်ပိုင်ပြည်သူတွေ မကျေနပ်ကြောင်း ဖော်ပြတာဖြစ်တယ်လို နားလည်လက်ခံပြီး သမ္မတမားကိုစ်က ပြန်ထိန်းချုပ်နိုင်ဖိုအတွက် ဒီအမိန့်ကို ချမှတ်ခဲ့တာဖြစ်တယ်လို သုံးသပ်သူရှိသလို လက်ရှိအစိုးရအဖွဲဟာ မားကိုစ်ရဲ့သမ္မတသက်တမ်းကို ပုံဖော်နိုင်မယ့် အစီအစဉ်တစ်ရပ်ကို မလုပ်ဆောင်နိုင်သေးတာကြောင့် သူ့အစိုးရအဖွဲရဲ့ ဆောင်ရွက်မှုတွေ လုပ်ငန်းဆောင်တာတွေ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ချိန်ညှိဖိုလိုတယ်လိုလည်း ယူဆကြပါတယ်။ ဒါ့အပြင် မားကိုစ်က အစိုးရအဖွဲဝင်ခန့်အပ်ခွင့်အာဏာကို သုံးပြီး မစ္စဒူတာတေးကို ရာထူးကဖယ်ရှားနိုင်တဲ့ စွဲချက်မှာ လိုအပ်တဲ့ ထောက်ခံချက်တွေကို ရယူဖို ကြိုးစားနိုင်တယ်လိုလည်း ခန့်မှန်းထားပါတယ်။