ဖမ်းဆီးခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေး ဟာ ဖိလစ်ပိုင်နိုင်ငံ မြိုတော် မနီလာ ကနေ လေယာဉ်နဲ့ ထွက်ခွာသွားတာဖြစ်ပြီး သူ့ကို နယ်သာလန်နိုင်ငံ ဟိဂ်မြိုhရှိ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC ကို လွှပြောင်းပေးတော့မှာဖြစ်ကြောင်း ဖိလစ်ပိုင် အရာရှိတွေပြောကြားကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ မတ်လ ၁၁ ရက် မနက်ပိုင်းက မနီလာလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ” ကို ဆင်နွှဲခဲ့ရာမှာ လူ ၃၀,၀၀၀ ကျော် ဥပဒေမဲ့ သေဆုံးစေခဲ့မှုအတွက် ဒူတာတေးကို ICC က အလိုရှိနေတာ ဖြစ်ပါတယ်။ဒူတာတေး သမ္မတတာဝန် ယူထားစဉ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ သွေးထွက်သံယို ဖြိုခွင်းမှုတွေကို ကြီးကြပ်ခဲ့မှုနဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျုးလွန်မှု စွပ်စွဲချက်နဲ့ သူ့ကို ဖမ်းဆီးဖို့ ICC က ဖမ်းဝရမ်း ထုတ်ထားတာဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားထားပါတယ်။

ICC ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၆ခုနှစ် ဇွန်လအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ဥပဒေပ သတ်ဖြတ်မှုတွေ ပါဝင်ပါတယ်။ဒါ့အပြင် ဒူတာတေးဟာ ဒါဗာအိုမြို့တော်ဝန် တာဝန် ထမ်းဆောင်ခဲ့စဉ်က အလားတူ မူးယစ်နှိမ်နင်းမှုတွေပါ ပါဝင်တာ ဖြစ်ပါတယ်။