နိုင်ငံခြားသားတွေ ရေးသားပြီးတင်ထားကြတဲ့ Facebook ပို့စ်တွေကို စင်ကာပူနိုင်ငံသားတွေ ဝင်ရောက်ကြည့်ရှု ခွင့် မရအောင် ပိတ်ပင်ဖယ်ရှားပေးဖို့ Facebook ရဲ့မိခင်ကုမ္ပဏီ Meta ကို စင်ကာပူအစိုးရက ညွှန်ကြားခဲ့ကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီညွှန်ကြားချက်ကို စင်ကာပူသတင်းအချက်အလက်နှင့်မီဒီယာဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့(IMDA)က ထုတ်ပြန် ခဲ့တာပါ။ နိုင်ငံခြားသားတွေတင်တဲ့ ပို့စ်တွေမှာ မဲဆွယ်စည်းရုံးရေးကို ထောက်ခံတဲ့ ဒါမှမဟုတ် ထိခိုက်နိုင်တဲ့ အကြောင်းအရာတွေ ပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်ပေါ် အခြေခံပြီး မေလ ၃ ရက်မှာ ကျင်းပမယ့် အမျိုးသားရွေးကောက်ပွဲမတိုင်ခင် ဒီညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Facebook ပို့စ်ဖယ်ရှားဖို့ ဖော်ပြခံရတဲ့သူတွေကတော့ Se-Malaysia (PAS)ပါတီရဲ့ ဘဏ္ဍာရေးမှူး Iskandar Abdul Samad, မလေးရှား Selangor ပြည်နယ်က PAS လူငယ်အဖွဲ့ခေါင်းဆောင် Mohamed Sukri Omar နဲ့ ဩစတြေးလျနိုင်ငံသား Zulfikar bin Mohamad Shariff တို့ဖြစ်ပါတယ်။ သူတို့ရေးသားဝေမျှထားကြတဲ့ Facebook ပို့စ်တွေဟာ လူမျိုးရေးနဲ့ ဘာသာရေးအပေါ် အခြေခံပြီး မဲပေးမှုကို သက်ရောက်စေနိုင်တဲ့အတွက် ဖယ်ရှားခိုင်းရတာဖြစ်တယ်လို့ သိရပါတယ်။