ဗီယက်နမ်အစိုးရဟာ VinSpeed ရဲ့ ဒေါ်လာ ၆၁ ဘီလီယံတန်ဖိုးရှိ မြောက်-တောင် အမြန်ရထားလမ်း အဆိုပြုချက်ကို သုံးသပ်နေတယ်လို VnExpress သတင်းမှာ ဖော်ပြထားပါတယ်။ဒုဝန်ကြီးချုပ်က ဝန်ကြီးဌာနတွေကို မေလ ၁၉ ရက်မှာ သုံးသပ်ချက်စာတွေပေးဖို တောင်းဆိုထားပြီး အဲဒီအချက်အလက်တွေကို အစိုးရခေါင်းဆောင်တွေနဲ့ လွှတ်တော်အတွက် အစီရင်ခံစာ ပြုစုမှာဖြစ်ပါတယ်။

Vingroup ဥက္ကဌ ဖြစ်တဲ့ ဗီယက်နမ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖမ်ညက်ဗွန်း တည်ထောင်ထားတဲ့ VinSpeed ကို ၂၀၂၅ ဒီဇင်ဘာမတိုင်ခင် စတင်တည်ဆောက်ပြီး ၂၀၃၀ ဒီဇင်ဘာမှာ လုပ်ငန်းစတင်နိုင်ဖို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။အမြန်ရထားနဲ့ တခြားဗျူဟာမြောက်ကဏ္ဍတွေအပါအဝင် အဓိကနိုင်ငံရေးပရောဂျက်တွေမှာ ပုဂ္ဂလိကကဏ္ဍ ပိုပါဝင်လာဖို အားပေးတယ်လို ဒုဝန်ကြီးချုပ်က ဆိုပါတယ်။ ဝန်ကြီးဌာနအများစုက လက်ခံပေမယ့် ရင်းနှီးမြှုပ်နှံမှုပုံစံအပြောင်းအလဲနဲ့ အထူးမူဝါဒတွေကို အမျိုးသားလွှတ်တော်နဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြန်စိစစ်ပေးရမှာဖြစ်ပါတယ်။ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်စိစစ်ဖို၊ သုံးသပ်ချက်တွေကို စုစည်းဖိုနဲ့ ရထားလမ်းတိုးတက်ကောင်းမွန်ဖိုအတွက် အထူးလုပ်ဆောင်ချက်တွေကို စမ်းသပ်အကောင်အထည်ဖော်ဖို မူကြမ်းကို မေလ ၂၂ ရက် မတိုင်ခင် တင်သွင်းရမှာ ဖြစ်ပါတယ်။

တခြားဝန်ကြီးဌာနတွေနဲ့ ဗီယက်နမ်ဗဟိုဘဏ်က အများပိုင်ကနေ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအဖြစ်ပြောင်းလဲဖို ဖြစ်နိုင်ခြေကို အကဲဖြတ်မှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်က Vinspeed ရဲ့တောင်းဆိုမှုဖြစ်တဲ့ ပရောဂျက်ရဲ့အကြွေးကို Vingroup ရဲ့ စုစုပေါင်းချေးငွေထဲကနေ ဖယ်ထုတ်ပေးဖို အဓိက စဉ်းစားပေးမှာဖြစ်ပြီး သုံးသပ်ချက်အားလုံးကို မေလ ၁၉ ရက် မတိုင်ခင် ဆောက်လုပ်ရေးဝန်ကြီးဌာနကို ပေးပိုရမှာဖြစ်ပါတယ်။ခွင့်ပြုချက်ရရင် Vinspeed က စီမံကိန်းကို အပြည့်အဝလုပ်ဆောင်ပြီး အမြန်ရထားကဏ္ဍနဲ့ ဆက်စပ်နေတဲ့ စက်မှုလုပ်ငန်းတွေ ဖွံဖြိုးရေးအတွက်လည်း ဦးဆောင်သွားမှာ ဖြစ်ပါတယ်။