တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ဟာ စီးပွားရေး ပြန်လည်ဦးမော့ဖို့နဲ့ လုပ်ငန်းရှင်သူဌေးကြီးတွေရဲ့ လွှမ်းမိုးမှု တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဒီကနေ့ ဇွန်လ ၁၃ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ Samsung Group, SK Group, Hyundai Motor, LG နဲ့ Lotte တို့လို စီးပွားရေးလုပ်ငန်းစုကြီးတွေက အကြီးအကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်ကြောင်း The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ သူသမ္မတဖြစ်ပြီးနောက် ပထမဆုံးအနေနဲ့ နိုင်ငံရဲ့ အင်အားကြီးစီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ကုန်သွယ်ရေးနဲ့ အမေရိကန်သမ္မတရဲ့ စည်းကြပ်ခွန်ကိစ္စတွေကိုလည်း ဆွေးနွေး မှာဖြစ်ပြီး G-7 ထိပ်သီးအစည်းအဝေးကို သူ မတက်ရောက်ခင် ကျင်းပတာလည်း ဖြစ်ပါတယ်။ သမ္မတလီက ကော်ပိုရိတ်အုပ်ချုပ်မှု မြှင့်တင်ဖို့နဲ့ တောင်ကိုရီးယားကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေ တန်ဖိုး နိမ့်ကျနေတဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အပြင် ရှယ်ယာရှင်တွေအပေါ် ဘုတ်အဖွဲ့ရဲ့ တာဝန်ယူမှု သေချာစေဖို့အတွက် စီးပွားရေးဥပဒေကို ပြန်လည်ရေးဆွဲဖို့ ကတိပြုထားတာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေပြင်ဆင်ချက်ကို ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ကိုရီးယားစီးပွားရေးအဖွဲ့ကြီး ၈ ခုက ကန့်ကွက်ခဲ့ကြပါ တယ်။ သူတို့က ဈေးကွက်ဖွံ့ဖြိုးတိုးတက်ဖို့ လိုလားပေမယ့် ဒီပြင်ဆင်ချက်က လုပ်ငန်းတွေကို အလွန်အကျွံ ကန့်သတ်ချုပ်ချယ်ပြီး စီးပွားရေးကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်တယ်လို့ သတိပေး ထားကြတာပါ။ ဒီပြင်ဆင်ချက်ကြောင့် ကုမ္ပဏီတွေကို အလွယ်တကူ တရားစွဲဆိုတာတွေ ရှိလာနိုင်ပြီး ကော်ပိုရိတ်ထိန်းချုပ်မှု အတွက် စိုးရိမ်စရာ ရှိလာနိုင်တယ်လို့လည်း ဆိုပါတယ်။