တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် စွပ်စွဲပြစ်တင်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတယွန်းဆော့ယိုးလ်ရဲ့ ဖမ်း၀ရမ်းကို ဆိုးလ်မြို တရားရုံးက မတ်လ ၇ ရက်နေ့မှာ ဖျက်သိမ်းလိုက်ကြောင်း CNN သတင်းမှာရေးသားထားပါတယ်။

ဖမ်းဝရမ်းဖျက်သိမ်းလိုက်တာကြောင့် သမ္မတဟာ ထိန်းသိမ်းခံရတာကနေ ပြန်လည်လွတ်မြောက် ဖို လမ်းစပွင့်သွားပြီဖြစ်ပါတယ်။တောင်ကိုရီးယား သမ္မတဟာ ပုန်ကန်မှုဦးဆောင်တဲ့စွပ်စွဲချက်နဲ့ ဇန်နဝါရီ ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဆိုးလ်ဗဟိုခရိုင်တရားရုံးက မတ်လ ၇ ရက်နေ့မှာ ဖမ်းဝရမ်းကို ပယ်ဖျက်ခဲ့ပြီး လွှတ်ပေးဖို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။သမ္မတယွန်း ဆော့ယိုးလ်ကို ဖမ်းဆီးရာမှာ ဇန်နဝါရီ ၁၅ ရက်က သူ့ရဲ့လုံခြုံရေးအဖွဲနဲ့ တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားပြီးနောက် ဖမ်းဆီးနိုင်ခဲ့ပြီး သူဟာ တောင်ကိုရီးယားမှာ အဖမ်းခံရတဲ့ ပထမဆုံး သမ္မတလည်း ဖြစ်ပါတယ်။

ဖမ်းဆီးမှုကို ပယ်ဖျက်ဖို တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ ဒီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အသက်ဝင်နေသေးတာကို ပြသတာဖြစ်တယ်လို သမ္မတ ယွန်းဆော့ယိုးလ်ရဲ့ ရှေ့နေအဖွဲက ထုတ်ပြန်ထားပါတယ်။ စီရင်ချက်ကို အစိုးရရှေ့နေတွေက အယူခံဝင်နိုင်သေးတာကြောင့် သမ္မတဟာ ချက်ချင်းလွတ်မြောက်ဖိုတော့ မဖြစ်နိုင်သေးဘူးလို ဆိုပါတယ်။