တောင်ကိုရီးယားနိုင်ငံဟာ စစ်အုပ်ချုပ်ရေး အကျပ်အတည်းက ရုန်းထွက်ပြီး စီးပွားရေးတိုးတက်နှုန်း နှေးကွေးမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ အကာအ ကွယ်ပေးရေး ခြိမ်းခြောက်မှုတွေကနေ ပြန်လည်ရှင်သန်လာစေဖို့ ကတိပြုထားတဲ့ ဒီမိုကရက်တစ်ပါတီက လစ်ဘရယ် လီဂျေးမြောင်ကို သမ္မတသစ်အဖြစ် ဇွန်လ ၄ ရက်မှာ ရွေးချယ်ခဲ့ကြောင်း Reuters သတင်းမှာ ပါရှိပါတယ်။

ဇွန်လ ၃ ရက်နေ့က ကျင်းပတဲ့ တောင်ကိုရီးယား သမ္မတသစ် ရွေးကောက်ပွဲမှာ မစ္စတာ လီဂျေးမြောင်က ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီး အာရှမှာ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားကို ရှေ့ဆောင်လမ်းပြပေးကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးကြိုးပမ်းသွာမှာဖြစ်တယ်လို့ လီက ဆိုပါတယ်။မဲအရေအတွက် ၁၀၀ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာတော့ မစ္စတာ လီ က မဲ ၃၅ သန်းရဲ့ ၅၀ ရာခိုင်နှုန်း နီးပါး အနိုင်ရခဲ့ပြီး ပြိုင်ဘက် ကွန်ဆာဗေးတစ် ကင်မွန်ဆူးကတော့ ၄၁ ရာခိုင်နှုန်း ရရှိခဲ့တာပါ။

ဒါဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း သမ္မတရွေးကောက်ပွဲအတွက် မဲပေးသူအရေအတွက် အများဆုံးဖြစ်တယ်လို့ အမျိုးသား ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။လစ်ဘရယ်သမ္မတသစ် လီဂျေးမြောင်ရဲ့ ပထမဆုံး ရည်မှန်းချက်ကတော့ သောင်းကျန်းမှုကို ပြတ်ပြတ်သားသား ကျော်လွှားပြီး ပြည်သူတွေကို အာဏာသိမ်းတာမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ပါလီမန်အပြင်ဘက် အောင်ပွဲခံမိန့်ခွန်းမှာ ကတိပြုပြောကြားခဲ့ပါတယ်။