တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒက်ခ်ဆိုးအပေါ် စွပ်စွဲပြစ်တင်မှုကို တောင်ကိုရီးယားဖွဲ့စည်းပုံခုံရုံးက မတ်လ ၂၄ ရက်နေ့မှာ ပယ်ချလိုက်ပြီး ယာယီသမ္မတ တာဝန်တွေ ပြန်လည်ပေးအပ်လိုက်ပါတယ်။ နိုင်ငံမှာ လတ်တလော မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ဝန်ကြီးချုပ်ဟန်ဒက်ခ်ဆိုးရဲ့ အာဏာတွေကို တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံးက ပြန်လည်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတွက် ကျေးဇူးတင်ကြောင်းနဲ့ အစိုးရကို အစီအစဉ် တကျ လုပ်ငန်းပြန်စမယ်လို့ ယာယီသမ္မတ ဟန်ဒက်ခ်ဆိုးက ပြောပါတယ်။

သမ္မတ ယွန်းဆွတ်ခ်ယိုဟာ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်မှုကြောင့် စွပ်စွဲပြစ်တင်ခံခဲ့ရကာ ရာထူးကနေ ဆိုင်းငံ့ခံရပြီးနောက် ဟန်ဒက်ခ်ဆိုးဟာ ဒီဇင်ဘာလ မှာ ယာယီသမ္မတ ဖြစ်လာသူပါ။ကမ္ဘာ့အပြောင်းအလဲတွေအပေါ် တုံ့ပြန်မှုတွေအတွက် ပြင်ဆင်ပြီး အကောင်အထည်ဖော်ဖို့နဲ့ တောင်ကိုရီးယား ဟာ ကြီးကျယ်တဲ့ ပထဝီဝင်နိုင်ငံရေး အသွင်ကူးပြောင်းမှုခေတ်မှာ ကောင်းမွန်စွာ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေး သေချာစေဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာပါလို့ ဟန်က ကတိပြု ပြောကြားလာခဲ့ပါတယ်။ဖွဲ့စည်းပုံခုံရုံးဟာ စွပ်စွဲပြစ်တင်ခံထားရတဲ့ သမ္မတယွန်းဆွတ်ခ်ယိုးလ်အမှုကိုတော့ စီရင်ချက် မချမှတ်ရသေးပါ ဘူး။ သူ့ကို လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး ဒီဇင်ဘာ ၁၄ ရက်မှာ ရာထူးတာဝန်တွေ ဆိုင်းငံ့ခဲ့ပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက အတည်ပြုမှသာ ရာထူးတာဝန် အပြီးရုပ်သိမ်းနိုင်မှာ ဖြစ်ပါတယ်။

ယာယီသမ္မတအဖြစ် ဟန်ဒက်ခ်ဆိုးဖြစ်လာပြီးနောက် မကြာခင်မှာပဲ သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်မှု မှာ အလားအလာကောင်းနိုင်တယ်လို့ အတိုက်အခံတွေက ယူဆထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားသူ ကြီးအသစ်တွေ ခန့်အပ်ရေးကို ယာယီသမ္မတ ဖြစ်လာချိန်မှာ ပိတ်ဆို့လိုက်ပါတယ်။ဒါကြောင့် အာဏာရယူပြီး သီတင်းနှစ်ပတ်အကြာမှာ လွှတ်တော်က သူ့ကို စွပ်စွဲပြစ်တင်တာတွေ ပြုလုပ်ခဲ့တာကြောင့် ဒုတိယဝန်ကြီးချုပ် ဖြစ်သူက ယာယီသမ္မတအဖြစ် နိုင်ငံကို ဦးဆောင်ခဲ့ရပြီး နိုင်ငံရေး အကျပ်ရိုက်ခဲ့ပါတယ်။တောင်ကိုရီးယားသမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် အာရှမှာ စတုတ္ထအကြီးဆုံး စီးပွားရေးနဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ အရေးပါတဲ့ မဟာမိတ်တွေဟာ ဆယ်စုနှစ်တွေအတွင်း အကြီးမားဆုံး ကျဆင်း သွားတဲ့အပြင် ထိပ်တန်းအရာရှိများစွာအတွက် စွပ်စွဲပြစ်တင်ခံရတာတွေ၊ ရာထူးကနေ နုတ်ထွက်တာတွေ ဖြစ်စေခဲ့ပါတယ်။