တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ မေလ ၁၂ ရက်က စတင်နေပြီးလို့ စရိတ်စ်တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေဘက်က ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းကို စုစည်းညီညွတ်စေဖို့နဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးမှုတွေ ကနေတစ်ဆင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွေ ရရှိစေဖို့တို့ကို ကတိကဝတ် ပြုထားကြပါတယ်။

အာရှရဲ့စတုတ္ထမြောက် စီးပွားရေးအကြီးမားဆုံးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံဟာ ဇွန်လ ၃ ရက်မှာ ရှောင်တခင် သမ္မတရွေးကောက်ပွဲပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး နိုင်ငံရေး အကျပ်အတည်းကျရောက်စေခဲ့တဲ့ သမ္မတဟောင်းယွန်းကို ဖယ်ရှားပြီးနောက် သူ့နေရာကို ဆက်ခံမယ့်သူကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ဒီမိုကရက်တစ်ပါတီရဲ့ရွေးကောက်ခံကိုယ်စားလှယ် လီဂျေမြောင်ကတော့ ဆိုးလ်မြို့လယ်မှာ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လီကတော့ အခုချိန်မှာ လူထုထောက်ခံမှု အသစ် တွေ ရရှိနေပါတယ်။ လီအနေနဲ့ ရွေးကောက်ခံရရင် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ပြေလည်အောင် ကြိုးပမ်းဖို့နဲ့ ဥရောပနဲ့သံတမန် ဆက်ဆံရေးချဲ့ထွင်ဖို့ ကတိပြုထားပါတယ်။လက်ယာယိမ်းပြည်သူ့ခွန်အားပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကင်မွန်းဆိုးကတော့ သမ္မတဟောင်းယွန်းက လူသိထင်ရှားထောက်ခံမှု ပြသခဲ့တဲ့အတွက် ပါတီဝင်တွေရဲ့ ဝေဖန်မှု ခံခဲ့ရပါတယ်။အလုပ်သမားဝန်ကြီးဟောင်းဖြစ်ခဲ့သူ ကင်ကတော့ အမေရိကန်နိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ မဟာမိတ်ပြုမှု ခိုင်မာရေးနဲ့ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ကတိပြု ထားပါတယ်။