အမျိုးသားဉာဏ်ရည်တု ကွန်ပျူတာစင်တာကို အရှိန်မြှင့်လုပ်ဆောင်ဖို့အတွက် စွမ်းဆောင်ရည်မြင့် ဂရပ်ဖစ်ယူနစ် ၁၀,၀၀၀ ထုတ်လုပ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်လာတာကို Reuters သတင်းမှာ ဖော်ပြထား ပါတယ်။ တောင်ကိုရီးယားအစိုးရအနေနဲ့ စွမ်းဆောင်ရည်မြင့် ဂရပ်ဖစ်ယူနစ်တွေ ထုတ်လုပ်သွားပြီး နိုင်ငံလုံခြုံရေး ကို ကာကွယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တောင်ကိုရီးယား သိပ္ပံနှင့်အိုင်စီတီ ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားတာပါ။

တောင်ကိုရီးယား ယာယီသမ္မတနှင့်ဒုတိယဝန်ကြီးချုပ်ကလည်း AI Computing Infrastructure Special Committee တတိယအကြိမ်မြောက် အစည်းအဝေးမှာ AI အခြေခံအဆောက်အအုံတည်ဆောက်ရေး အရှိန်မြှင့်လုပ်ဆောင်မယ့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားထားပြီးဖြစ်သလို ဆဋ္ဌမမြောက် စူပါကွန်ပျူတာ တည်ဆောက်ဖို့အတွက် နောက်ထပ် GPU ၈၀၀၀ ကို ဝယ်ယူသွားမှာဖြစ်တယ်လို့လည်း စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားထားပါတယ်။ AI နည်းပညာ ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အမျှ ဆန်းသစ်တီထွင်တဲ့ ဂေဟ စနစ်တွေအတွက် ထူးခြားတဲ့ အပြောင်းအလဲတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး AI စွမ်းရည်တွေ ပိုမိုအားကောင်း လာစေဖို့လည်း တောင်ကိုရီးယားအစိုးရက ရည်မှန်းထားတာဖြစ်ပါတယ်။