မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ စစ်တပ်အင်အားပိုမို အားကောင်းစေမယ့် အစည်းအဝေးကို မေလ ၂၉ ရက်က ဦးဆောင်ကျင်းပခဲ့တယ်လို့ The Star သတင်းမှာ ဖော်ပြထားပါတယ်။ အစည်းအဝေးမှာ စစ်တပ် အင်အား ပိုမိုအားကောင်းစေဖို့အပြင် အမြောက်စစ်ရေးလေ့ကျင့်မှုကဏ္ဍ အားကောင်းစေရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA သတင်းဌာနကလည်း ဖော်ပြထားပါတယ်။

(၈)ကြိမ်မြောက် ကိုရီးယားအလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင် တိုးချဲ့အစည်းအဝေးမှာ ကင်က “စစ်တပ်တည် ဆောက်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ ဖြစ်ပေါ်လာမယ့် ပြဿနာအားလုံးကို ဖြေရှင်းဖို့ အလေးပြောကြားခဲ့ တယ်လို့ သိရပါတယ်။ အားကောင်းစေမယ့် စစ်အင်အားတည်ဆောက်ဖို့ အမှန်တကယ် စစ်ပွဲပတ်ဝန်းကျင် အနီးမှာ ပစ်ခတ်မှုပြိုင်ပွဲတွေ မကြာခဏကျင်းပဖို့လည်း အလွန်အရေးကြီးတယ်လို့ ကင်က ပြောကြားခဲ့ပါတယ်။မေလအစောပိုင်းကလည်း ကင်ဂျုံအန်းဟာ တင့်ကားတွေနဲ့ ခဲယမ်းမီးကျောက်စက်ရုံတွေကို သွားရောက်ကြည့်ရှု ခဲ့ပြီး တာတိုပစ်ဒုံးကျည်စမ်းသပ်မှုနဲ့ လေကြောင်းလေ့ကျင့်မှုကို ဦးဆောင်စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။