မြောက်ကိုရီးယားဟာ မကြာသေးမီက ထုတ်ဖော်ပြသခဲ့တဲ့ စစ်သင်္ဘောသစ်ကလက်နက်စနစ်ကို ပထမဆုံး စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဧပြီ ၃၀ ရက်က ထုတ်ပြန်ပြောကြားလာတာကို AP သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီ စစ်သင်္ဘောသစ်ဟာ ဒုံးခွင်းဒုံးတွေသယ်ဆောင်နိုင်ပြီး တန်ချိန် ၅,၀၀၀ ရှိတဲ့ စစ်သင်္ဘောဖြစ်ကာ သင်္ဘောပေါ်မှာ အားအပြင်းဆုံးလက်နက်တွေ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

စမ်းသပ်ပစ်ခတ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အကြီးတန်းအရာရှိတွေ တက်ရောက်ပြည့်ရှုခဲ့ကြပြီး ခရုဇ်နဲ့ ဝေဟင်ပစ်ဒုံးကျည်တွေ အမြောက်အမြား အသုံးပြု ပစ်ခတ်ခဲ့ပါတယ်။ ရေကြောင်းအချုပ်အခြာအာဏာနဲ့ အမျိုးသားကာကွယ်ရေးအတွက် မြောက်ကိုရီးယားရေတပ်အနေနဲ့ နျူကလီးယားလက်နက်တွေ အရှိန်မြှင့် ရွေးချယ်ရမယ့် အချိန်ရောက်ပြီလို့ ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေကလည်း မြောက်ကိုရီးယားရဲ့ သင်္ဘောတည် ဆောက်ရေး လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။