စင်ကာပူတက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ပါလက်စတိုင်းကျောင်းသားတွေကို ပံ့ပိုးကူညီဖို့ ကြိုးပမ်းရာမှာ သက်ဆိုင်ရာ ထောက်ပံ့ရေး အဖွဲ့ဝင်တွေက ဦးစီးပြီး အမေရိကန်ဒေါ်လာ ၁၅၀၀၀၀ ကျော် ထောက်ပံ့ငွေ ပေးအပ် ခဲ့တယ်လို့ CNA သတင်းမှာ ရေးသားထားပါတယ်။

Palestinian Scholarship Initiative (PSI)ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုနှစ်မှာလည်း အရင်ကထက် ပိုမို ထောက်ပံ့ နိုင်ဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အခုနှစ်အတွင်း PSI က ပါလက်စတိုင်း ကျောင်းသားနှစ်ယောက်အတွက် စင်ကာပူ ဒေါ်လာ ၄၀၀၀၀၀ ရန်ပုံငွေရှာဖွေဖို့ ရည်မှန်းထားပြီး တစ်ယောက်ကို စင်ကာပူ ဒေါ်လာ ၂၀၀၀၀၀ ပေးအပ်မယ်လို့ ဆိုပါတယ်။ ဒါမှသာ တက္ကသိုလ်စရိတ်၊ တည်းခိုစရာနေရာနဲ့ အခြားကုန်ကျ စရိတ်တွေလည်း ကာမိမှာ ဖြစ်ပါတယ်။

ရန်ပုံငွေတွေကို စင်ကာပူအခြေစိုက် လူစုလူဝေးရန်ပုံငွေပလက်ဖောင်း Ray of Hope က ဦးဆောင် စုဆောင်းပြီး စီမံခန့်ခွဲနေတာပါ။ စင်ကာပူရောက် ပါလက်စတိုင်းလူငယ်တွေရဲ့ ပညာရေးကို တတ်မြောက်အောင် ကူညီပေးဖို့နဲ့ ရပ်ရွာက ဦးဆောင် ကြိုးပမ်းမှုကြောင့် သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ တည်ဆောက် နိုင်စေဖို့အတွက် အခုလိုထောက်ပံ့ငွေတွေ ပေးအပ်ကူညီနေတာဖြစ်တယ်လို့ Palestinian Scholarship Initiative (PSI)က ထုတ်ပြန်ထားပါတယ်။