လက်ရှိပါလီမန်အစည်းအဝေးကို သက်တမ်းမတိုးမီ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က လာမယ့် ဇူလိုင် ၂၀ ရက်မှာ အထက်လွှတ်တော် ရွေးကောက်ပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့တာကို Reuters သတင်းမှာ ဖော်ပြပါတယ်။ အထက်လွှတ်တော် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ အမည် မဖော်လိုသူ အုပ်ချုပ်ရေးအရာရှိတွေကလည်း ပြောကြားထားပါတယ်။

ဂျပန်ဝန်ကြီးချုပ်က သူ့အစိုးရအဖွဲ့အနေနဲ့ အယုံအကြည်မရှိအဆို တင်သွင်းဖို့ မဖြစ်နိုင်တာကြောင့် အောက် လွှတ်တော်ကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိတဲ့အပြင် ဇူလိုင် ၂၀ ရက်မှာ အထက်လွှတ်တော် ရွေးကောက်ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေ ကို ဥပဒေအရ ရွေးကောက်ပွဲ အချိန်ဇယားနဲ့အညီ ဇူလိုင် ၃ ရက်မှာ စတင်သွားမှာဖြစ်ပြီး အောက်လွှတ်တော် ရွေးကောက်ပွဲကိုတော့ ဇူလိုင် ၂၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။