မြောက်ကိုရီးယားကို တုံ့ပြန်တဲ့အနေနဲ့ K-Pop ဂီတနဲ့ နိုင်ငံရေးဝါဒဖြန့်မှုတွေကို အသံချဲ့စက် အသုံးပြုပြီး ထုတ်လွှင့်နေတာတွေကို ရပ်တန့်ဖို့ တောင်ကိုရီးယားစစ်တပ်က အမိန့်ထုတ်လိုက်ကြောင်း The Telegraph သတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားက သူ့ရဲ့လက်ဝဲယိမ်းအစိုးရသစ်နဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား တင်းမာမှုတွေကို ဖြေလျှော့ဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် နယ်စပ်တစ်လျှောက် K-Pop ဂီတနဲ့ နိုင်ငံရေးဝါဒဖြန့်မှုဆိုင်ရာ ထုတ်လွှင့်မှု တွေကို ရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က “ကိုရီးယား နှစ်နိုင်ငံကြား ယုံကြည်မှုနဲ့ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးကို ပြန်လည်ရရှိရေး ကတိကဝတ်ပြုရေး ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အခုလို ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၅၃ ခုနှစ်အတွင်းက အပစ်အခတ်ရပ်စဲခဲ့တဲ့ ကိုရီးယားစစ်ပွဲကို အဆုံးသတ်ဖို့ တရားဝင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားတာ မရှိသေးတာကြောင့် လက်ရှိမှာ နှစ်နိုင်ငံကြား တင်းမာနေတဲ့ အခြေအနေမှာ ရှိနေတာပါ။ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တောင်ကိုရီးယားသမ္မတသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ လီဂျေးမြောင် က ရုပ်သံထုတ်လွှင့်မှုတွေကို စစ်ပွဲတစ်ခုလို့ ယူဆထားတာကြောင့် အသံချဲ့စက်ထုတ်လွှတ်မှုတွေကို ရပ်ဆိုင်းပြီး ပြုံယမ်းနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်မယ်လို့ ကတိပြုခဲ့ပါတယ်။