ပြီးခဲ့တဲ့အပတ်က ချုပ်ဆိုခဲ့တဲ့ အမေရိကန်-တောင်ကိုရီးယား ကုန်သွယ်ရေးသဘောတူစာချုပ်နဲ့ ပတ်သက်ပြီး သြဂုတ် ၁ ရက်မှာ အသက် ၁၈ နှစ်နဲ့အထက် ကိုရီးယားလူမျိုး ၁၀၁၆ ယောက်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခု အရ ဖြေဆိုသူ ၆၃ ဒသမ ၉ ရာခိုင်နှုန်းက အကောင်းမြင်ကြတယ်လို The Korea Times မှာ ဖော်ပြထားပါတယ်။

သဘောတူချက်အရ အမေရိကန်က တောင်ကိုရီးယားကိုကောက်ခံမယ့် အခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပါတယ်။ ဒီအတွက် အပြန်အလှန်အနေနဲ့ တောင်ကိုရီးယားက အမေရိကန်မှာ ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး လာမယ့် ၄ နှစ်အတွင်း အမေရိကန်ဆီကနေ သဘာဝဓာတ်ငွေ့ရည်နဲ့ တခြားစွမ်းအင်ထုတ်ကုန်တွေကို ဒေါ်လာ ၁၀၀ ဘီလီယံဖိုး ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

ဒီညှိနှိင်းမှုမှာ အရေးပါတဲ့ရလဒ်ကို မေးတဲ့အခါ ဖြေဆိုသူ ၂၃ ဒသမ ၈ ရာခိုင်နှုန်းက နှစ်နိုင်ငံ အပြန်အလှန် အခွန် တွေကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး ဥရောပနဲ့ ဂျပန်တိုလို တခြားမဟာမိတ်နိုင်ငံတွေနဲ့ အခွန်နှုန်းထား တန်းတူရခဲ့တာလို ပြောကြပါတယ်။ ၂၃ ဒသမ ၂ ရာခိုင်နှုန်းက ဒီသဘောတူညီမှုမှာ အမဲသားနဲ့ဆန်လို သတိထားစရာ ကုန်ပစ္စည်းတွေ မပါတာကို အဓိကသဘောကျကြပြီး ၁၇ ဒသမ ၄ ရာခိုင်နှုန်းက အမေရိကန်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းမှာ ဒေါ်လာ ၁၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံတာကို အောင်မြင်မှုလို ထောက်ပြခဲ့ကြပါတယ်။