အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ သံတမန်ရေးဆိုင်ရာ ရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့ပြီး ရုရှားနဲ့ယူကရိန်းကြား ကြားဝင်စေ့စပ်ပေးတဲ့နိုင်ငံအဖြစ် လုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယူကရိန်းဟာ သူတို့ရဲ့မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးပွဲတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ထားပေမယ့် အဲဒါက ငြိမ်းချမ်းတဲ့ ဖြေရှင်းချက်ကို ရရှိစေမှာမဟုတ်ပါဘူး။ ဆွေးနွေးပွဲတွေမှာ နှစ်ဖက်စလုံးက ပါဝင်ဖို့ လိုအပ်တယ်လို့ အိန္ဒိယဝန်ကြီး ချုပ်မိုဒီက ပြောပါတယ်။ အစောပိုင်းကာလတွေတုန်းကတော့ ငြိမ်းချမ်းရေးရယူနိုင်ဖို့ ခက်ခဲခဲ့ပေမယ့် လက်ရှိ အခြေအနေတွေက အဓိပ္ပာယ်ရှိပြီး အကျိုးရှိတဲ့ဆွေးနွေးပွဲတွေကို လုပ်ဆောင်ဖို့ အခွင့်အရေးတွေ ရရှိနေပါပြီလို့ လည်း ပြောပါတယ်။

ဒါ့အပြင် ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံဟာ ကြားနေနိုင်ငံအဖြစ်သာ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံဟာ ဂန္ဒီနဲ့ ဗုဒ္ဓကို ကိုယ်စားပြုတဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့အပြောအဆိုတွေနဲ့ အမူအကျင့်တို့ဟာ ငြိမ်းချမ်းမှုအတွက်ပဲ ကိုယ်စားပြုပါတယ်လို့ အိန္ဒိယဝန်ကြီး ချုပ်မိုဒီက ထပ်လောင်းပြောကြားခဲ့ပါတယ်။