တောင်ကိုရီးယားဟာ လူဦးရေ သန်း ၄၀ ကျော်ရှိတဲ့ နိုင်ငံတွေအကြားမှာ ကလေးသူငယ် ဦးရေ အနည်းဆုံးနိုင်ငံ ဖြစ်နေတယ်လို့ မကြာသေးခင်ကထွက်ရှိလာတဲ့ လေ့လာချက်တစ်ခုကို ကိုးကားပြီး Korea Herald သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ကုလသမဂ္ဂရဲ့ လူဦးရေအစီရင်ခံစာအရ အသက် ၁၄ နှစ်နဲ့ ၁၄ နှစ်အောက် ကလေးသူငယ်ဦးရေဟာ တောင်ကိုရီးယားလူဦးရေ စုစုပေါင်းရဲ့ ၁၀.၆ ရာနှုန်းသာရှိနေပြီး ဒါဟာ လူဦးရေ သန်း ၄၀ ကျော်ရှိနေတဲ့ နိုင်ငံ ၃၇ နိုင်ငံထဲမှာ အနည်းဆုံးပမာဏ ဖြစ်နေတာပါ။

တောင်ကိုရီးယားဟာ ၂၀၂၀ ပြည့်နှစ်တည်းက ကလေးသူငယ်အနည်းဆုံး နိုင်ငံတွေစာရင်းမှာ ပါနေတာဖြစ်ပြီး လက်ရှိမှာတော့ အရင်က ကလေးသူငယ် ရာခိုင်နှုန်းအနည်းဆုံး ဂျပန်ကို ကျော်လွန်ပြီး အောက်ဆုံးနေရာကို ရောက်ရှိသွားတာဖြစ်ပါတယ်။ကိုရီးယားစာရင်းအင်းဌာနရဲ့ အဆိုအရ တောင်ကိုရီးယားရဲ့ ကလေးသူငယ်ဦးရေဟာ ၂၀၂၆ မှာ
၁၀ ရာနှုန်း ကျဆင်းသွားမယ်လို့ မျှော်မှန်းထားပါတယ်။