အမေရိကန်ပြည်ထောင်စုရှိ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဝန်ထမ်း ၂၀၀၀ နီးပါးကို အလုပ် ထုတ်ပယ်တော့မှာဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ပြောကြားတာကို ကိုးကားပြီး CNN သတင်းမှာ ရေးသားထားပါတယ်။

အခုလုပ်ရပ်ဟာ ကမ္ဘာတစ်ဝန်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ အကူအညီတွေကို ပံ့ပိုးပေးနေတဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအပေါ် သက်ရောက်မှု များစွာ ဖြစ်ပေါ်စေမှာပါ။ မကြာခင်ရက်ပိုင်းအတွင်းမှာ အလုပ်ထုတ်ပယ်မယ့်သူတွေရဲ့ စာရင်းကို အတိအကျ ထုတ်ပြန်တော့မှာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

USAID ရဲ့ အမေရိကန် ပြည်ထောင် စုအတွင်းနဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို ရာထူးကနေ ဖယ်ရှားတာတွေကို အစိုးရဘက်က ဆက်လုပ်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဖယ်ဒရယ် တရားသူကြီးတစ်ယောက်က ခွင့်ပြုခဲ့ပြီးနောက် အခု ဆောင်ရွက် ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အစိုးရရဲ့ အစီအစဉ်ကို ယာယီ တားမြစ်ပေးဖို့ ဝန်ထမ်းတွေက တရားစွဲဆို လျှောက်ထားခဲ့တာကို အမေရိကန် ဒိစတြိတ် တရားသူကြီး Carl Nichols က ပယ်ချခဲ့တာ ဖြစ်ပါတယ်။